Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ဝက်လက် စစ်ဘေးရှောင်တဲကို လေကြောင်းက ပစ်ခတ်လို့ အသက် ၄ နှစ်ကလေးအပါ ၅ ယောက်သေဆုံး

 စစ်ကိုင်းတိုင်း ၊ ဝက်လက်မြို့နယ် ၊ ထုံးဘိုရွာတောင်ဘက် သန်းကုန်းတောတိုက်အနီးက စစ်ဘေးရှောင်တဲတွေကို စစ်တပ်က လေကြောင်းက ဗုံးကြဲချခဲ့တာကြောင့် ၅ ယောက်သေဆုံးခဲ့တယ်လို့ Wetlet Informational Network  ကထုတ်ပြန်ပါတယ်။ 

မနေ့ည ၉ နာရီခွဲခန့်မှာ တံတားဦးလေဆိပ်ကတက်လာတဲ့  J-Fighter ၂ စီးက ဗုံးသီး အတွဲလိုက်ချ လေကြောင်တိုက်ခဲ့တာကြောင့် ဒေါ်သူဇာနွယ် (အသက် ၃၄ နှစ်) ၊ တွတ်ပီ (အသက်၂၆နှစ်) ၊ ဦးခင်မောင်လွင်(အသက်၇၀) အေးမြတ်သူဇာ အသက်  ၄ နှစ်တို့ သေဆုံးခဲ့ပြီး အသက် ၄၀ အရွယ် ဒေါ်နှင်းမြလည်းရရှိတဲ့ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

နေအိမ် ၈လုံးခန့် မီးလောင်ပျက်စီးခဲ့ပြီး စိုးရိမ်ရတဲ့  ဒဏ်ရာရထားသူတွေရှိနေတယ်လို့ ဒေသခံအဖွဲ့ကပြောပါတယ်။ စစ်တပ် လေကြောင်းတိုက်ခိုက်ခဲ့တဲ့ နေရာဟာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ဘေးရှောင်တွေ နေထိုင်တဲ့ နေရာသာဖြစ်ပြီး သေဆုံးသွားတဲ့သူတွေဟာ စစ်ဘေးလာရှောင်တဲ့ ရွှေဘိုမြို့နယ် ကုလားမရွာသူ/သားတွေ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

- Bagan News 


Comments