Skip to main content

Latest News

မေ ၁၃ ရက်ဝန်းကျင်ကစပြီး မြန်မာမှာ မိုးရာသီစမယ်

 မိုးရာသီဖြစ်စေသည့် အနောက်တောင်မုတ်သုံလေသည် မေလ ၁၃ ရက်နေ့မှ ၁၈ ရက်နေ့အတွင်း မြန်မာနိုင်ငံ တောင်ပိုင်းဒေသများသို့စတင်ဝင်ရောက်မည်ဖြစ်ကြောင်း မိုး ၊ ဇလဌာနကထုတ်ပြန်သည်။  မေလ ၁၉ ရက်နေ့မှ ၂၄ ရက်နေ့အတွင်း မြစ်ဝကျွန်းပေါ် ဒေသများ ၊ မေလ ၂၅ ရက်နေ့မှ ၃၀ ရက်နေ့အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများ၊ မေလ ၃၁ ရက်နေ့မှ ဇွန်လ ၅ ရက်နေ့အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသများသို့ လည်းကောင်း အသီးသီး၀င်ရောက်နိုင်သည်။  မေလအတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်၀န်း (၂) ကြိမ် ဖြစ်ပေါ်နိုင်ပြီး (၁) ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း ၊ မေလအတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်သည်။  မေလအတွင်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ က...

ဒီပဲယင်းမြို့နယ်ကို စစ်တပ်ဗုံးကြဲ ပြည်သူ ၁၈ ယောက်သေဆုံး

စစ်ကိုင်းတိုင်း ရေဦးခရိုင် ဒီပဲယင်းမြို့နယ် မရကန်ကျေးရွာကို စစ်တပ်ကလေကြောင်းကဗုံးကြဲချခဲ့တာကြောင့် သေဆုံးသူ ၁၈ ယောက်ရှိလာတယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။ 

ဒီဇင်ဘာလ ၅ ရက်နေ့ည ၈ နာရီခန့်က စစ်တပ်က လေကြောင်းက ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ 

စစ်တပ်လေကြောင်းတိုက်ခိုက်တာကြောင့် မရကန်ကျေးရွာက အသက် ၂၂ ကနေ ၇၇ နှစ်အရွယ်အထိအမျိုးသား ၁၅ ယောက်နဲ့ အမျိုးသမီး ၃ ယောက်သေဆုံးခဲ့တယ်လို့ထုတ်ပြန်ပါတယ်။ 

ကျေးရွာလက်ဖက်ရည်ဆိုင်ကို စစ်တပ်ကဗုံးကြဲခဲ့တာကြောင့် ဆီးဂိမ်းဘောလုံးပွဲ ကြည့်ရူနေကြတဲ့သူတွေ အများဆုံးသေဆုံးခဲ့ကြတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ 

စစ်တပ်ဗုံးကြခဲ့တာကြောင့် မရကန်ကျေးရွာက နေအိမ်တွေပျက်စီးဆုံးရှုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကာ အသက်အန္တရာယ်စိုးရိမ်ရသူတွလည်းရှိနေတယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကပြောပါတယ်။

စစ်တပ်က  ရည်ရွယ်ချက်ရှိရှိနဲ့ ပြည်သူတွေနေထိုင်ရာ ကျေးရွာတွေကို လေကြောင်းက ပစ်ခတ်တိုက်ခိုက်နေတာကြောင့် လေကြောင်းအန္တရာယ် အထူးဂရုစိုက် နေထိုင်ကြဖို့ အသိပေးထားပါတယ်။

ဒီဇင်ဘာလ ၅ ရက်နေ့ မနက်အစောပိုင်းကလည်း စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့နယ် အရှေ့ခြမ်း သစ်ချိုပင်ရွာကို စစ်တပ်ဂျက်ဖိုက်တာကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၄ ယောက်သေဆုံးခဲ့တယ်လို့ Wetlet Informational Network  ကထုတ်ပြန်ပါတယ်။ 

ဓာတ်ပုံ - ဒီပဲယင်းမြို့နယ် မရကန်ကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တဲ့မြင်ကွင်း။ 

- BAGAN NEWS 

Comments