Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

ဒီပဲယင်းမြို့နယ်ကို စစ်တပ်ဗုံးကြဲ ပြည်သူ ၁၈ ယောက်သေဆုံး

စစ်ကိုင်းတိုင်း ရေဦးခရိုင် ဒီပဲယင်းမြို့နယ် မရကန်ကျေးရွာကို စစ်တပ်ကလေကြောင်းကဗုံးကြဲချခဲ့တာကြောင့် သေဆုံးသူ ၁၈ ယောက်ရှိလာတယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။ 

ဒီဇင်ဘာလ ၅ ရက်နေ့ည ၈ နာရီခန့်က စစ်တပ်က လေကြောင်းက ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ 

စစ်တပ်လေကြောင်းတိုက်ခိုက်တာကြောင့် မရကန်ကျေးရွာက အသက် ၂၂ ကနေ ၇၇ နှစ်အရွယ်အထိအမျိုးသား ၁၅ ယောက်နဲ့ အမျိုးသမီး ၃ ယောက်သေဆုံးခဲ့တယ်လို့ထုတ်ပြန်ပါတယ်။ 

ကျေးရွာလက်ဖက်ရည်ဆိုင်ကို စစ်တပ်ကဗုံးကြဲခဲ့တာကြောင့် ဆီးဂိမ်းဘောလုံးပွဲ ကြည့်ရူနေကြတဲ့သူတွေ အများဆုံးသေဆုံးခဲ့ကြတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ 

စစ်တပ်ဗုံးကြခဲ့တာကြောင့် မရကန်ကျေးရွာက နေအိမ်တွေပျက်စီးဆုံးရှုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကာ အသက်အန္တရာယ်စိုးရိမ်ရသူတွလည်းရှိနေတယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကပြောပါတယ်။

စစ်တပ်က  ရည်ရွယ်ချက်ရှိရှိနဲ့ ပြည်သူတွေနေထိုင်ရာ ကျေးရွာတွေကို လေကြောင်းက ပစ်ခတ်တိုက်ခိုက်နေတာကြောင့် လေကြောင်းအန္တရာယ် အထူးဂရုစိုက် နေထိုင်ကြဖို့ အသိပေးထားပါတယ်။

ဒီဇင်ဘာလ ၅ ရက်နေ့ မနက်အစောပိုင်းကလည်း စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့နယ် အရှေ့ခြမ်း သစ်ချိုပင်ရွာကို စစ်တပ်ဂျက်ဖိုက်တာကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၄ ယောက်သေဆုံးခဲ့တယ်လို့ Wetlet Informational Network  ကထုတ်ပြန်ပါတယ်။ 

ဓာတ်ပုံ - ဒီပဲယင်းမြို့နယ် မရကန်ကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တဲ့မြင်ကွင်း။ 

- BAGAN NEWS 

Comments