Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

မန္တလေးမှာ ယတြာချေဖို့ ရောက်နေတဲ့ မင်းအောင်လှိုင်ကို ရှော့တိုက်ဒုံး နဲ့ပစ်ခတ်ဟုဆို

မင်းဝတ်တန်ဆာများဝတ်ဆင်ကာ မန္တလေးနန်းတော်အဝင် မင်္ဂလာ တံတားမှနေ၍ ပြည်တော်ဝင်မည့် ယတြာချေရန်ရှိသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား မန္တလေးသို့ရောက်နေချိန်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) ကထုတ်ပြန်သည်။ 

                                                               Photo - Archive 

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် မန္တလေးရှိ ရွေးကောက်ပွဲကျင်းပရာ မဲရုံများ ဆီသို့ သွားရောက် ကြည့်ရှုပြီး အပြန်တွင် ဗေဒင်ကိန်းခန်းများအရ ယတြာချေရန်အတွက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) အတွင်း ခေတ္တ ဝင်ရောက် တည်းခို နေကြောင်းသတင်းရရှိသည်ဟု BWM ကထုတ်ပြန်သည်။ 

Brave Warriors for Myanmar (BWM) ၊ No More Dictatorship (NMD-PDF) ၊ Shadow (Mandalay) အဖွဲ့ နှင့် Infinity (အညာ) အဖွဲ့တို့သည် ယနေ့ ၊ ဇန်နဝါရီလ ၂၇ ရက်၊ မနက် ၄ နာရီ ၃၀ မိနစ် အချိန်တွင် စစ်ခေါင်းဆောင် ခေတ္တဝင်ရောက်အိပ်သော မန္တလေးရှိ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ) အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးပစ်ခတ်ရာ ၃ လုံးကို BWM ၏ Mission 50 အဖြစ် အောင်မြင်စွာပစ်ခတ် တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။ 

ပစ်ခတ်လိုက်သော ရှော့တိုက်ဒုံးများထဲမှ ၃ လုံးသည် လပခ အတွင်းကျရောက်ပေါက်ကွဲပြီး လပခတိုင်းမှူးအိမ် ကိုလည်း ထိမှန်ခဲ့သည်ဟု ကနဦးစုံစမ်းသိရှိထားကြောင်း ၊ BWM Mission 50 အတွင်း စစ်တပ်ဘက်၏ ထိခိုက်သေဆုံးမှု အခြေအနေအသေးစိပ်ကို ဆက်လက်စုံစမ်းနေကြောင်း BWM မှသိရသည်။

- BaganNews 

Comments