Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

မန္တလေးမှာ ယတြာချေဖို့ ရောက်နေတဲ့ မင်းအောင်လှိုင်ကို ရှော့တိုက်ဒုံး နဲ့ပစ်ခတ်ဟုဆို

မင်းဝတ်တန်ဆာများဝတ်ဆင်ကာ မန္တလေးနန်းတော်အဝင် မင်္ဂလာ တံတားမှနေ၍ ပြည်တော်ဝင်မည့် ယတြာချေရန်ရှိသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား မန္တလေးသို့ရောက်နေချိန်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) ကထုတ်ပြန်သည်။ 

                                                               Photo - Archive 

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် မန္တလေးရှိ ရွေးကောက်ပွဲကျင်းပရာ မဲရုံများ ဆီသို့ သွားရောက် ကြည့်ရှုပြီး အပြန်တွင် ဗေဒင်ကိန်းခန်းများအရ ယတြာချေရန်အတွက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) အတွင်း ခေတ္တ ဝင်ရောက် တည်းခို နေကြောင်းသတင်းရရှိသည်ဟု BWM ကထုတ်ပြန်သည်။ 

Brave Warriors for Myanmar (BWM) ၊ No More Dictatorship (NMD-PDF) ၊ Shadow (Mandalay) အဖွဲ့ နှင့် Infinity (အညာ) အဖွဲ့တို့သည် ယနေ့ ၊ ဇန်နဝါရီလ ၂၇ ရက်၊ မနက် ၄ နာရီ ၃၀ မိနစ် အချိန်တွင် စစ်ခေါင်းဆောင် ခေတ္တဝင်ရောက်အိပ်သော မန္တလေးရှိ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ) အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးပစ်ခတ်ရာ ၃ လုံးကို BWM ၏ Mission 50 အဖြစ် အောင်မြင်စွာပစ်ခတ် တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။ 

ပစ်ခတ်လိုက်သော ရှော့တိုက်ဒုံးများထဲမှ ၃ လုံးသည် လပခ အတွင်းကျရောက်ပေါက်ကွဲပြီး လပခတိုင်းမှူးအိမ် ကိုလည်း ထိမှန်ခဲ့သည်ဟု ကနဦးစုံစမ်းသိရှိထားကြောင်း ၊ BWM Mission 50 အတွင်း စစ်တပ်ဘက်၏ ထိခိုက်သေဆုံးမှု အခြေအနေအသေးစိပ်ကို ဆက်လက်စုံစမ်းနေကြောင်း BWM မှသိရသည်။

- BaganNews 

Comments