Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ဒိုက်ဦးထောင်မှာ အစားအသောက်တွေဆိုးရွားပြီး ဆေး ပါဆယ်ပစ္စည်းတွေ ပိတ်ပင်

 ပဲခူးတိုင်း ၊ ဒိုက်ဦးထောင်မှာ အကျဉ်းသားတွေကို ကျွေးတဲ အစားအသောက်တွေ ဆိုးရွားလာပြီး ဆေးကုသမှုဆိုင်ရာ ပါဆယ်ပစ္စည်းတွေကိုလည်း ပိတ်ပင်နေတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP)ကထုတ်ပြန်ပါတယ်။ 

ဒိုက်ဦးထောင်ကို လွန်ခဲ့တဲ့ (၂) ပတ်ခန့်က ညွှန်မှူး လာရောက်စစ်ဆေးခဲ့ပြီး ညွှန်မှူးဆိုသူ လာရောက်ပြီးနောက်မှာ အကျဉ်းထောင်အတွင်း ကျွေးတဲ့ အစားအစာတွေဟာ စားသောက်လို့ မရတဲ့အထိ ဆိုးရွားလာတယ်လို့ WOPP အဖွဲ့ကပြောပါတယ်။ 

ဓာတ်ပုံ - ဒိုက်ဦးထောင် (ပုံဟောင်း) 

ဒီအစားအစာတွေကို စားသောက်ပြီးတဲ့နောက်မှာ အစာအိမ်နာတာ ၊ ဗိုက်အောင်တာနဲ့ အစာအိမ်ရောဂါ အခြေခံရှိထားသူတွေ အတွက် ရောဂါပိုမိုဆိုးရွားလာတဲ့ အခြေအနေတွေ ဖြစ်ပေါ်နေတယ်လို့သိရပါတယ်။ 

ဒီအခြေအနေတွေကြောင့် ကျန်းမာရေးစောင့်ရှောက်မှုတောင်းခံရာ ပါရာစီတမောကိုသာ သုံးစွဲဖို့အကျဉ်းထောင်က ပေးခဲ့တယ်လို့ WOPP အဖွဲ့ကဆိုပါတယ်။ 

ဒါ့အပြင် မိသားစုဝင်တွေက ထောင်ဝင်စာပါဆယ်က တဆင့် ဆေးဝါးတွေပေးသွင်းရာမှာလည်း ကြားကဖြတ်ယူထားတာ ထောင်ဝင်စာပါဆယ်သွင်းခွင့်မပေးတာနဲ့ အရည်အသွေးညံ့ ပစ္စည်းတွေနဲ့လှဲ လှယ်ထားတာတွေကို အကျဉ်းထောင်ဝန်ထမ်းတွေက ပေါ်ထင်ထင် ဆက်တိုက်ကျူးလွန်နေတယ်လို့သိရပါတယ်။ 

အဲ့ဒီအပြင် နိုင်ငံရေးအကျဉ်းသူတွေကို အကျဉ်းထောင်နံရံတွေကို သန့်ရှင်းအောင် တိုက်ခိုင်းတာအော်ဟစ်ဆဲဆိုတာ အခြေခံရပိုင်ခွင့်နဲ့အညီ နေထိုင်ခွင့်ပြုဖို့ ပြောဆိုတင်ပြတဲ့ နိုင်ငံရေးအကျဉ်းသူတွေကို တိုက်ပိတ်အကျဉ်းချတာတွေ ပြုလုပ်နေတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ ကထုတ်ပြန်ပါတယ်။ 

- Bagan News 

Comments