Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

ဒိုက်ဦးထောင်မှာ အစားအသောက်တွေဆိုးရွားပြီး ဆေး ပါဆယ်ပစ္စည်းတွေ ပိတ်ပင်

 ပဲခူးတိုင်း ၊ ဒိုက်ဦးထောင်မှာ အကျဉ်းသားတွေကို ကျွေးတဲ အစားအသောက်တွေ ဆိုးရွားလာပြီး ဆေးကုသမှုဆိုင်ရာ ပါဆယ်ပစ္စည်းတွေကိုလည်း ပိတ်ပင်နေတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP)ကထုတ်ပြန်ပါတယ်။ 

ဒိုက်ဦးထောင်ကို လွန်ခဲ့တဲ့ (၂) ပတ်ခန့်က ညွှန်မှူး လာရောက်စစ်ဆေးခဲ့ပြီး ညွှန်မှူးဆိုသူ လာရောက်ပြီးနောက်မှာ အကျဉ်းထောင်အတွင်း ကျွေးတဲ့ အစားအစာတွေဟာ စားသောက်လို့ မရတဲ့အထိ ဆိုးရွားလာတယ်လို့ WOPP အဖွဲ့ကပြောပါတယ်။ 

ဓာတ်ပုံ - ဒိုက်ဦးထောင် (ပုံဟောင်း) 

ဒီအစားအစာတွေကို စားသောက်ပြီးတဲ့နောက်မှာ အစာအိမ်နာတာ ၊ ဗိုက်အောင်တာနဲ့ အစာအိမ်ရောဂါ အခြေခံရှိထားသူတွေ အတွက် ရောဂါပိုမိုဆိုးရွားလာတဲ့ အခြေအနေတွေ ဖြစ်ပေါ်နေတယ်လို့သိရပါတယ်။ 

ဒီအခြေအနေတွေကြောင့် ကျန်းမာရေးစောင့်ရှောက်မှုတောင်းခံရာ ပါရာစီတမောကိုသာ သုံးစွဲဖို့အကျဉ်းထောင်က ပေးခဲ့တယ်လို့ WOPP အဖွဲ့ကဆိုပါတယ်။ 

ဒါ့အပြင် မိသားစုဝင်တွေက ထောင်ဝင်စာပါဆယ်က တဆင့် ဆေးဝါးတွေပေးသွင်းရာမှာလည်း ကြားကဖြတ်ယူထားတာ ထောင်ဝင်စာပါဆယ်သွင်းခွင့်မပေးတာနဲ့ အရည်အသွေးညံ့ ပစ္စည်းတွေနဲ့လှဲ လှယ်ထားတာတွေကို အကျဉ်းထောင်ဝန်ထမ်းတွေက ပေါ်ထင်ထင် ဆက်တိုက်ကျူးလွန်နေတယ်လို့သိရပါတယ်။ 

အဲ့ဒီအပြင် နိုင်ငံရေးအကျဉ်းသူတွေကို အကျဉ်းထောင်နံရံတွေကို သန့်ရှင်းအောင် တိုက်ခိုင်းတာအော်ဟစ်ဆဲဆိုတာ အခြေခံရပိုင်ခွင့်နဲ့အညီ နေထိုင်ခွင့်ပြုဖို့ ပြောဆိုတင်ပြတဲ့ နိုင်ငံရေးအကျဉ်းသူတွေကို တိုက်ပိတ်အကျဉ်းချတာတွေ ပြုလုပ်နေတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ ကထုတ်ပြန်ပါတယ်။ 

- Bagan News 

Comments