Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

ဝက်လက်မြို့နယ်က စစ်ဘေးရှောင် ၈ ထောင်ကျော် အကူအညီလို

 စစ်ကိုင်းတိုင်း ၊ ဝက်လက်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းထိုးလို့ ထွက်ပြေးနေရတဲ့ စစ်ဘေးရှောင် ၈၅၀၀ ကျော် အတွက် အကူအညီတွေလိုနေတယ်လို့ ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီကထုတ်ပြန်ပါတယ်။ 

သစ်ဆိမ့်၊ ငါးပတ်ချောင်း၊ ရှားကွဲ၊ ထုံးဘို၊ ကူကြီး၊ ရေဂမိုး၊ မင်းရွာတောင်၊ ရေလည်မှော်၊ ရွာသာ၊ နတ်မှော်ဦး၊ အင်ဒေါင်း၊ လှေပို့ဆိပ်၊ ရွာသစ်၊ ကမ်းဖြူစတဲ့ ကျေးရွာ ၁၄ ရွာက အိမ်ထောင်စု ၁၇၇၇ စု ၊ လူဦး​ရေ ၈၅၆၆ ယောက်ဟာ စစ်တပ် စစ်ကြောင်းထိုးမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရတာပါ။ 

စစ်ဘေးရှောင်ပြည်သူတွေဟာ အလုပ်အကိုင်ကြပ်တည်းမှုတွေကြောင့် စားဝတ်နေရေးမပြေလည်တွေရင်ဆိုင်နေရပါတယ်။ သူတို့တွေဟာ နေထိုင်စရာ အခက်ခဲတွေရှိပြီး စားနပ်ရိက္ခာ၊အမိုးအကာတွေလိုအပ်နေတယ်လို့သိရပါတယ်။

ပြည်သူတွေအနေနဲ့ တက်နိုင်သည့်ဘက်ကနေ ပါဝင်ကူညီပေးဖို့ ၀က်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက မေတ္တာရပ်ခံထားပါတယ်။

- BAGAN NEWS 

Comments