Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

မင်းတုန်းမြို့နယ် ၁၂ ရက်တာတိုက်ပွဲများအတွင်း စစ်တပ်ဘက် ၃၀ ဦးသေဆုံး

 မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် ၊ မင်းတုန်းမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းအား ခုခံတိုက်ခိုက်ခဲ့သည့် (၁၂)ရက်အတွင်း တိုက်ပွဲ (၁၀)ကြိမ်ထိဖြစ်ပွားခဲ့ကာ စစ်တပ်ဘက်မှ (၃၀)ဦးခန့်သေဆုံးပြီး PDF တပ်ဖွဲ့ဝင် (၁)ဦး ဘယ်ဘက်လက် ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့ကြောင်းသရက်ခရိုင် အမှတ်-၄ တပ်ရင်းကယနေ့ထုတ်ပြန်သည်။ 

photo -သရက်ခရိုင် အမှတ်-၄ တပ်ရင်း

ဇန်နဝါရီ ၁၂ ရက်နေ့မှ ၂၉ ရက်နေ့အထိ မင်းတုန်းမြိုနယ်မြေအတွင်း စစ်ကြောင်းထိုးဝင်ရောက်ချိန်များတွင် စစ်တပ်တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးများ သုံးစွဲပြီး ကျေးရွာများမှ လူသားဒိုင်းအဖြစ် ဖမ်းဆီးထားသော ပြည်သူများကို ရိုက်နှက်နှိပ်စက်ခြင်းများပြုလုပ်မူကြောင့် သီးပင်ကုန်းဒေသခံ အမျိုးသား (၁)ဦး  သေဆုံးခဲ့ကြောင်းသိရသည်။ 

၎င်းတို့၏ မီးရှို့ဖျက်ဆီးမူကြောင့်လည်း ဝက်ကော်ကျေးရွာမှ နေအိမ် (၂၈)လုံး ၊ ထန်းလေးပင်ကျေးရွာမှ နေအိမ် (၅၀)ကျော်ခန့် နှင့် ကင်းမွန်တောင့်ကျေးရွာမှာ လက်နက်ကြီး ထိမှန်မူကြောင့် တရွားလုံးနီးပါးမီးလောင်ခဲ့ကြောင်းသိရသည်။ 

 စစ်တပ် စစ်ကြောင်းထိုးနေစဉ်အတွင်း ဇန်နဝါရီလ ၁၈ ရက်နေ့တွင် နောက်တန်းစခန်းအား ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မူ (၁၀)ကြိမ်ထိ အပြင်းအထန်ပြုလုပ်ခဲ့မူကြောင့် စခန်းအတွင်း အဆောင်အချို့ပျက်စီးမူရှိခဲ့ကြောင်း သရက်ခရိုင် အမှတ်-၄ တပ်ရင်းကထုတ်ပြန်သည်။  

- BAGAN NEWS 

Comments