Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

မင်းတုန်းမြို့နယ် ၁၂ ရက်တာတိုက်ပွဲများအတွင်း စစ်တပ်ဘက် ၃၀ ဦးသေဆုံး

 မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် ၊ မင်းတုန်းမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းအား ခုခံတိုက်ခိုက်ခဲ့သည့် (၁၂)ရက်အတွင်း တိုက်ပွဲ (၁၀)ကြိမ်ထိဖြစ်ပွားခဲ့ကာ စစ်တပ်ဘက်မှ (၃၀)ဦးခန့်သေဆုံးပြီး PDF တပ်ဖွဲ့ဝင် (၁)ဦး ဘယ်ဘက်လက် ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့ကြောင်းသရက်ခရိုင် အမှတ်-၄ တပ်ရင်းကယနေ့ထုတ်ပြန်သည်။ 

photo -သရက်ခရိုင် အမှတ်-၄ တပ်ရင်း

ဇန်နဝါရီ ၁၂ ရက်နေ့မှ ၂၉ ရက်နေ့အထိ မင်းတုန်းမြိုနယ်မြေအတွင်း စစ်ကြောင်းထိုးဝင်ရောက်ချိန်များတွင် စစ်တပ်တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးများ သုံးစွဲပြီး ကျေးရွာများမှ လူသားဒိုင်းအဖြစ် ဖမ်းဆီးထားသော ပြည်သူများကို ရိုက်နှက်နှိပ်စက်ခြင်းများပြုလုပ်မူကြောင့် သီးပင်ကုန်းဒေသခံ အမျိုးသား (၁)ဦး  သေဆုံးခဲ့ကြောင်းသိရသည်။ 

၎င်းတို့၏ မီးရှို့ဖျက်ဆီးမူကြောင့်လည်း ဝက်ကော်ကျေးရွာမှ နေအိမ် (၂၈)လုံး ၊ ထန်းလေးပင်ကျေးရွာမှ နေအိမ် (၅၀)ကျော်ခန့် နှင့် ကင်းမွန်တောင့်ကျေးရွာမှာ လက်နက်ကြီး ထိမှန်မူကြောင့် တရွားလုံးနီးပါးမီးလောင်ခဲ့ကြောင်းသိရသည်။ 

 စစ်တပ် စစ်ကြောင်းထိုးနေစဉ်အတွင်း ဇန်နဝါရီလ ၁၈ ရက်နေ့တွင် နောက်တန်းစခန်းအား ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မူ (၁၀)ကြိမ်ထိ အပြင်းအထန်ပြုလုပ်ခဲ့မူကြောင့် စခန်းအတွင်း အဆောင်အချို့ပျက်စီးမူရှိခဲ့ကြောင်း သရက်ခရိုင် အမှတ်-၄ တပ်ရင်းကထုတ်ပြန်သည်။  

- BAGAN NEWS 

Comments