Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

မိုင်တဲလ်အပါ စစ်တပ်၏ ဝါဒဖြန့်ချိရေး အကောင့်ပေါင်း ၂၇၀ ကို Facebook ကဖယ်ရှား

 Facebook သည် မြန်မာစစ်အုပ်စု၏ လူမှုကွန်ရက်စာမျက်နှာများ၊ ဂရုများနှင့် ပရိုဖိုင်းအကောင့်များ စုစုပေါင်း ၂၇၀ ခုကို ဖယ်ရှားလိုက်ကြောင်း Justice For Myanmar အဖွဲ့ကထုတ်ပြန်သည်။ 

ယခုလုပ်ဆောင်ချက်သည် Facebook ကုမ္ပဏီ Meta က ၂၀၂၁ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် စစ်တပ်ထိန်းချုပ် စီးပွားရေးလုပ်ငန်းများနှင့် မီဒီယာများအား ပိတ်ပင်သည့်မူဝါဒနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ဖယ်ရှားလိုက်သည့်အကောင့်အများစုသည် မိုင်တဲလ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအား ရောင်းချနေသည့်အကောင့်များဖြစ်ပြီး၊ ကျန်အကောင့်များသည် စစ်တပ်စီးပွားရေးလုပ်ငန်းစုကြီးများ ဖြစ်သည့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နှင့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) တို့၏ ကုမ္ပဏီခွဲများနှင့် လုပ်ငန်းအမှတ်တံဆိပ်များနှင့်ဆက်စပ်အကောင့်များ ဖြစ်သည်။ 

ယင်းတို့တွင် တယ်လီကွန်းကွန်ရက် MECtel၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်၊ ဆင်မင်းဘိလပ်မြေ၊ မြန်မာဘီယာနှင့် ဒဂုန်ဘီယာအမှတ်တံဆိပ်များ၊ နန်းမြိုင်ကဖီးနှင့် Indoor Skydiving တို့နှင့်ဆက်စပ်အကောင့်များလည်း ပါဝင်သည်။

Facebook သည် စစ်တပ်ဝါဒဖြန့်အကောင့်များဖြစ်သည့် a Light for Justice 3၊ News Service Station နှင့် Myanmar Information Community တို့ကိုလည်း ဖယ်ရှားခဲ့သည်။ 

အဆိုပါအကောင့်များသည် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများကို ပြစ်ဒဏ်ခံရခြင်းကင်းလွတ်စွာဖြင့် ကျူးလွန်လျက်ရှိသည့် စစ်တပ်ကို ပံ့ပိုးကူညီခဲ့သည့်အကောင့်များ ဖြစ်သည်။

Alphabet၊ Apple၊ TikTok နှင့် Telegram တို့အနေဖြင့်လည်း မြန်မာစစ်တပ်၏ စီးပွားရေးလုပ်ငန်းများနှင့် ဝါဒဖြန့်ချိရေးအကောင့်များကို ချက်ချင်း ပိတ်ပင်ရန် Justice For Myanmar အဖွဲ့ကတောင်းဆိုထားသည်။

- BAGAN NEWS 


Comments