Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

NUG ကဖမ်းဆီးခဲ့တဲ့ ကျပ်သိန်းပေါင်း ၁ သိန်းခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီး

 အမျိုးသားညီညွတ်ရေးအစိုးရက စိုးမိုးအုပ်ချုပ်တဲ့ နယ်မြေတွေမှာ ဖြတ်သန်းသွားလာတဲ့ မော်တော်ယာဉ်တွေဆီက ဖမ်းဆီးရရှိခဲ့တဲ့ ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၁ သိန်းခန့်တန်ဖိုးရှိတဲ့  မူးယစ်ဆေးဝါးတွေကို ဇန်နဝါရီ ၂၅ ရက်က NUG အစိုးရအုပ်ချုပ်ရေးနယ်မြေ တနေရာမှာမီးရှို့ဖျက်ဆီးခဲ့ပါတယ်။

Photo - NUG

မီးရှို့ဖျက်ဆီးခဲ့တဲ့ မူးယစ်ဆေးဝါးတွေကတော့ ဘိန်းဖြူ ၆၅၄၅ ခွက်၊ WY စိတ်ကြွဆေးပြား၄,၆၇၂,၀၀၀ ပြားတို့ဖြစ်ပြီး ဘိန်းဖြူတွေကိုတော့ မြန်မာနိုင်ငံကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)က ဖမ်းဆီးခဲ့တာပါ။ ကျန် WY စိတ်ကြွဆေးပြားတွေကိုတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်းတပ်ဖွဲ့တွေက ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။

မူးယစ်ဆေးဝါး သယ်ဆောင်မှုနှင့်ပတ်သက်တဲ့ တရားခံတွေကို  ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့လည်း အမျိုးသားညီညွတ်ရေးအစိုးရသတင်း ထုတ်ပြန်ထားပါတယ်။

ဒီမူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ၊ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့နှင့်အတူ ဒေသခံပြည်သူတွေ၊နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ရင်းတပ်ဖွဲ့တွေနဲ့ ပအဖ၊ပကဖ၊ပလဖ ရဲဘော်တွေ တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။

- BAGAN NEWS 


Comments