Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

NUG ကဖမ်းဆီးခဲ့တဲ့ ကျပ်သိန်းပေါင်း ၁ သိန်းခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီး

 အမျိုးသားညီညွတ်ရေးအစိုးရက စိုးမိုးအုပ်ချုပ်တဲ့ နယ်မြေတွေမှာ ဖြတ်သန်းသွားလာတဲ့ မော်တော်ယာဉ်တွေဆီက ဖမ်းဆီးရရှိခဲ့တဲ့ ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၁ သိန်းခန့်တန်ဖိုးရှိတဲ့  မူးယစ်ဆေးဝါးတွေကို ဇန်နဝါရီ ၂၅ ရက်က NUG အစိုးရအုပ်ချုပ်ရေးနယ်မြေ တနေရာမှာမီးရှို့ဖျက်ဆီးခဲ့ပါတယ်။

Photo - NUG

မီးရှို့ဖျက်ဆီးခဲ့တဲ့ မူးယစ်ဆေးဝါးတွေကတော့ ဘိန်းဖြူ ၆၅၄၅ ခွက်၊ WY စိတ်ကြွဆေးပြား၄,၆၇၂,၀၀၀ ပြားတို့ဖြစ်ပြီး ဘိန်းဖြူတွေကိုတော့ မြန်မာနိုင်ငံကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)က ဖမ်းဆီးခဲ့တာပါ။ ကျန် WY စိတ်ကြွဆေးပြားတွေကိုတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်းတပ်ဖွဲ့တွေက ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။

မူးယစ်ဆေးဝါး သယ်ဆောင်မှုနှင့်ပတ်သက်တဲ့ တရားခံတွေကို  ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့လည်း အမျိုးသားညီညွတ်ရေးအစိုးရသတင်း ထုတ်ပြန်ထားပါတယ်။

ဒီမူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ၊ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့နှင့်အတူ ဒေသခံပြည်သူတွေ၊နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ရင်းတပ်ဖွဲ့တွေနဲ့ ပအဖ၊ပကဖ၊ပလဖ ရဲဘော်တွေ တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။

- BAGAN NEWS 


Comments