Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

စစ်အာဏာသိမ်း ၅ နှစ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ဆိုးရွားသောဒုက္ခများနှင့် ရင်ဆိုင်နေရ

 မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်း ၅ နှစ်အတွင်း တိုးမြင့်လာသောအကြမ်းဖက်မှုများ၊ ကျယ်ပြန့်စွာဖြစ်‌ပေါ်နေသောလူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ဆိုးရွားသောလူသားချင်းစာနာမှုဆိုင်ရာဒုက္ခများနှင့် ရင်ဆိုင်နေရကြောင်း မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံ သံရုံးကထုတ်ပြန်သည်။ 

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှစ၍ မြန်မာပြည်သူများသည် အာဏာသိမ်းမှုကြောင့်ဖြစ်ပေါ်လာခဲ့သောဤအကျပ်အတည်းသည် ဆက်လက်ဖြစ်ပွါးနေဆဲဖြစ်သည်။ ၂၀၂၆ ခုနှစ်တွင် ခန့်မှန်းခြေလူပေါင်း ၁၆.၂ သန်းသည် အသက်ကယ်လူသားချင်းစာနာမှုအကူအညီများကိုလိုအပ်မည်ဖြစ်ပြီး လူပေါင်း ၃.၆ သန်းကျော်သည် ဆက်လက်ဖြစ်ပွားနေသောပဋိပက္ခကြောင့် နိုင်ငံအတွင်းနေရပ်စွန့်ခွာရွှေ့ပြောင်းနေရကြောင်း ဖော်ပြသည်။ 

စီးပွားရေးသိသိသာသာကျဆင်းသွားခဲ့ပြီး နယ်စပ်ဖြတ်ကျော်အရေးကြီးမှုခင်းများ ပိုမိုကြီးထွားလာကာ ဒေသတွင်းတည်ငြိမ်မှုကိုခြိမ်း‌ခြောက်နေသည်။ မကြာသေးမီကပြုလုပ်ခဲ့သော စစ်အာဏာရှင်အဖွဲ့အစည်း၏ရွေးကောက်ပွဲများသည် ဆက်လက်ဖြစ်ပွားနေသောအကြမ်းဖက်မှုနှင့်ဖိနှိပ်မှုများအကြား အတိုက်အခံပါတီများ၏အဓိပ္ပာယ်ပြည့်ဝစွာပါဝင်မှုမရှိပဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ၄င်းတို့သည် လွတ်လပ်၍တရားမျှတပြီး လူတိုင်းအကျုံးဝင်သည့်ရွေးကောက်ပွဲအခြေအနေများနှင့် မပြည့်မီခဲ့ကြောင်း ထုတ်ပြန်သည်။ 

သြစတြေးလျအနေဖြင့် မြန်မာလူထုအပေါ် စစ်အာဏာရှင်အဖွဲ့အစည်း၏ ရက်စက်သော ဆက်လက်ကြမ်းကြုတ်မှုများနှင့်ပက်သက်၍ ဆက်လက်ဝေဖန်နေမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။ 

နောက်လာမည့်မြန်မာတာဝန်ရှိသူများအနေဖြင့် အရပ်သားပြည်သူများအပေါ်အကြမ်းဖက်မှုများရပ်တန့်ခြင်း၊ လိုအပ်နေသူအားလုံးကို ခွဲခြားမှုမရှိပဲ လူသားချင်းစာနာမှုအကူအညီများဆီ လုံခြုံစွာအဟန့်အတားမရှိ လက်လှမ်းမီစေခြင်းနှင့် မတရားသဖြင့်ထိန်းသိမ်းထားသူအားလုံးကိုလွှတ်ပေးရန် ဆက်လက်တောင်းကြောင်း မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံ သံရုံးကထုတ်ပြန်သည်။ 

- Photo - Bagan News / Archive

၂၀၂၁ ဖေဖော်ဝါရီလနောင်းပိုင်း ရန်ကုန်မြို့မြင်ကွင်း။

- BAGAN NEWS 



Comments