Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

မြန်မာ့ လူဦးရေ ၁၆ သန်း ကျော် အရေးပေါ် အကူအညီများ ချက်ချင်း လိုအပ်

 စစ်အာဏာသိမ်းမှု ငါးနှစ်ပြည့် ချိန်တွင် မြန်မာနိုင်ငံသည် မရပ်မနား ဆက်လက်ဖြစ်ပွားနေသည့် ပဋိပက္ခများနှင့် ရင်ဆိုင်နေရဆဲဖြစ်ကာ ပြည်သူသန်းပေါင်းများစွာသည် ဆင်းရဲဒုက္ခများ ကြုံတွေ့နေရကြောင်း မြန်မာနိုင်ငံအခြေစိုက် ဂျာမနီသံရုံးကထုတ်ပြန်သည်။ 

မြန်မာပြည်သူများအနေဖြင့် အကြမ်းဖက်မှုများကို ချက်ချင်းအဆုံးသတ်ရန်၊ လူ့အခွင့်အရေးများကို လေးစားရန်၊ ပါဝင်ပတ်သက်သူအားလုံးပါဝင်သည့် နိုင်ငံရေး လုပ်ငန်းစဉ်တစ်ရပ်အပေါ် ကတိကဝတ်ပြုရန်နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများကို အတားအဆီးမရှိ ဝင်ရောက်နိုင်ရန် လိုအပ်လျက်ရှိကြောင်း ဖော်ပြသည်။ 

လက်ရှိဖြစ်ပေါ်နေသော အခြေအနေများနှင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်ပုံများအရ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲတစ်ရပ်အတွက် မဖြစ်မနေ လိုအပ်သော ​ အခြေခံအချက်များ မပြည့်မီခဲ့ကြောင်း ထင်ရှားစေခဲ့သည်ဟုဖော်ပြသည်။ 

ထို့အပြင် အကြမ်းဖက်မှု အမျိုးအစားအားလုံးကို ချက်ချင်း ရပ်တန့်ရန်နှင့် ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှကာကွယ်ပေးရေး ဥပဒေအောက်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသူများ အပါအဝင် အကြောင်းမဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရသော အကျဉ်းသားအားလုံးကို လွှတ်ပေးရန် ဂျာမနီသံရုံးက တောင်းဆိုသည်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေသည် အလွန်အမင်း ဆိုးရွားနေဆဲဖြစ်ပြီး လူဦးရေ (၁၆) သန်း ကျော်သည် အရေးပေါ် အကူအညီများကို ချက်ချင်း လိုအပ်လျက်ရှိကြောင်း၊ ပြည်တွင်း နေရပ်စွန့်ခွာရသူ လူဦးရေ (၃.၆) သန်း ကျော် ရှိနေခြင်းအပြင် မြန်မာနိုင်ငံသားအများအပြားသည် အိမ်နီးချင်း နိုင်ငံများသို့ ထွက်ပြေး ခိုလှုံနေကြရကြောင်း ဖော်ပြထားသည်။ 

Photo - ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းတိုင်း ၊ ခင်ဦးမြို့နယ် စစ်ဘေးရှောင်များ (ပုံဟောင်း) ။

- BAGAN NEWS 

Comments