Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

မြင်းခြံခရိုင် အမှတ် (၄)(၁ဝ)တပ်ရင်းများမှ အဖွဲ့ဝင် ၉ ဦးထွက်ပြေး တပ်ပြေးအဖြစ်ထုတ်ပြန်

 Natogyi People Defence Force - မြင်းခြံခရိုင် အမှတ် (၄)နှင့်(၁ဝ) တပ်ရင်းများ၏ အဖွဲ့ဝင် ၉ ဦးကို တပ်ပြေး အဖြစ် ထုတ်ပြန်လိုက်ကြောင်း ၎င်းတပ်ဖွဲ့မှသိရသည်။ 

၎င်းတို့သည် မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်း ၊ မြင်းခြံခရိုင် အမှတ် (၁၀)တပ်ရင်း တိုမှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများအား ဖောက်ဖျက်၍ ထွက်ပြေးသွားခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

Photo - Natogyi PDF 

အဆိုပါတပ်ပြေး (၉)ဦးအား လက်ခံထားရှိမည်ဆိုပါက  ထိုရဲဘော်များ ခံယူရမည့် ပြစ်မှု ပြစ်ဒဏ်များနှင့် အညီ ခံယူရမည်ဖြစ်ကြောင်းအသိပေးထားသည်။ 

ထိုတပ်ပြေး (၉)ဦးအား တွေ့ရှိခဲ့ပါက မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်း ၊ မြင်းခြံခရိုင် အမှတ် (၁၀) တပ်ရင်းရှိ သက်ဆိုင်ရာ တာဝန်ရှိသူများအား အချိန်နှင့်တပြေးညီ အသိပေး အကြောင်းကြားပေးပါရန်နှင့် တပ်ပြေးအဖြစ်လုပ်ဆောင်ရန် နည်းလမ်းအမျိုးမျိုးဖြင့် ဆက်သွယ် ၊ တိုက်တွန်း မှုများပြုလုပ်သူ မည်သူမဆို ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း Natogyi People Defence Force ကထုတ်ပြန်သည်။ 

- BAGAN NEWS 



Comments