Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

မြင်းခြံခရိုင် အမှတ် (၄)(၁ဝ)တပ်ရင်းများမှ အဖွဲ့ဝင် ၉ ဦးထွက်ပြေး တပ်ပြေးအဖြစ်ထုတ်ပြန်

 Natogyi People Defence Force - မြင်းခြံခရိုင် အမှတ် (၄)နှင့်(၁ဝ) တပ်ရင်းများ၏ အဖွဲ့ဝင် ၉ ဦးကို တပ်ပြေး အဖြစ် ထုတ်ပြန်လိုက်ကြောင်း ၎င်းတပ်ဖွဲ့မှသိရသည်။ 

၎င်းတို့သည် မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်း ၊ မြင်းခြံခရိုင် အမှတ် (၁၀)တပ်ရင်း တိုမှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများအား ဖောက်ဖျက်၍ ထွက်ပြေးသွားခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

Photo - Natogyi PDF 

အဆိုပါတပ်ပြေး (၉)ဦးအား လက်ခံထားရှိမည်ဆိုပါက  ထိုရဲဘော်များ ခံယူရမည့် ပြစ်မှု ပြစ်ဒဏ်များနှင့် အညီ ခံယူရမည်ဖြစ်ကြောင်းအသိပေးထားသည်။ 

ထိုတပ်ပြေး (၉)ဦးအား တွေ့ရှိခဲ့ပါက မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်း ၊ မြင်းခြံခရိုင် အမှတ် (၁၀) တပ်ရင်းရှိ သက်ဆိုင်ရာ တာဝန်ရှိသူများအား အချိန်နှင့်တပြေးညီ အသိပေး အကြောင်းကြားပေးပါရန်နှင့် တပ်ပြေးအဖြစ်လုပ်ဆောင်ရန် နည်းလမ်းအမျိုးမျိုးဖြင့် ဆက်သွယ် ၊ တိုက်တွန်း မှုများပြုလုပ်သူ မည်သူမဆို ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း Natogyi People Defence Force ကထုတ်ပြန်သည်။ 

- BAGAN NEWS 



Comments