Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

မြိုင် ညောင်အုပ်ရွာဘုန်းကြီးကျောင်းကို စစ်တပ် ဗုံးကြဲ စေတီများထိခိုက်

 မကွေးတိုင်း ၊ မြိုင်မြို့နယ် အရှေတောင်ဘက်ခြမ်းက ညောင်အုပ်ရွာဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲချခဲ့တာကြောင့် စေတီနဲ့အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။


ဖေဖော်ဝါရီလ ၉ ရက်နေ့ ည ၁၀ နာရီခန့်မှာ မန္တလေးတိုင်း တံတားဦးလေတပ်ကနေ တက်လာတဲ့ MIG-29  ဂျက်ဖိုက်တာ (၂)စီးဟာ ညောင်အုပ်ရွာဘုန်းကြီးကျောင်းကို လေကြောင်းက တိုက်ခိုက်မှု(၂)ကြိမ်ပြုလုပ်ခဲ့တာ်လို့ မြိုင်ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကနေ သိရပါတယ်။ 

Photo - မြိုင်ဒေါင်းမင်း

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ နဲ့ ၆ ရက်နေ့ ကလည်း  မြိုင်မြို့နယ် အလယ်ကြောတနေရာကိုစစ်တပ် ဂျက်ဖိုက်တာက လေကြောင်းက တိုက်ခိုက်မှု ၃ ကြိမ်ခန့်ပြုလုပ်ခဲ့တယ်လို့ မြိုင်ဒေါင်းမင်း အဖွဲ့ကထုတ်ပြန်ပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာလည်း စစ်တပ်စစ်ကြောင်း ကားတွေဟာ ပခုက္ကူ​မြို့နယ်(အလယ်)မကျီးကန်ရွာကို ရောက်ရှိနေတဲ့အတွက် စစ်ရေးသတိရှိကြဖို့ အဲ့ဒီအဖွဲ့က အသိပေးထားပါတယ်။ 

- Bagan News 



Comments