Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

 ရခိုင်ပြည်နယ် ၊ ပုဏ္ဏားကျွန်းမြိုနယ်၊ ယိုးငူကျေးရွာဈေးအား စစ်ကော်မရှင်တပ်မှ လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သား စုစုပေါင်း (၁၇) ဦးသေဆုံးခဲ့ကာ (၁၄) ဦးထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း အာရက္ခတပ်တော်က ယနေ့ညနေတွင်ထုတ်ပြန်သည်။ 

ယနေ့ ၊ ဖေဖော်ဝါရီလ (၂၄) ရက်နေ့ နေ့လယ် (၂) နာရီ (၇) မိနစ်အချိန်ခန့်တွင် ယိုးငူကျေးရွာရှိ ဈေးတန်းအား  စစ်ကော်မရှင်တပ်မှ ဂျက်ဖိုက်တာတစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ဈေးရောင်း ဈေးဝယ်နေကြသူများ၊  ကလေးငယ်များအပါအဝင် အရပ်သား ပြည်သူများသေဆုံးခဲ့ကြောင်းသိရသည်။ 

ထို့အပြင် လူနေအိမ်၊ ဈေးဆိုင်ခန်းအချိုမှာလည်း မီးလောင် ပျက်စီးသွားပြီး  အသေးစိတ်ကို ထပ်မံထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။

Photo - အာရက္ခတပ်တော်

- BAGAN NEWS 

Comments