ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။ ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။ အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။ - BAGAN NEWS
ရခိုင်ပြည်နယ် ၊ ပုဏ္ဏားကျွန်းမြိုနယ်၊ ယိုးငူကျေးရွာဈေးအား စစ်ကော်မရှင်တပ်မှ လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သား စုစုပေါင်း (၁၇) ဦးသေဆုံးခဲ့ကာ (၁၄) ဦးထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း အာရက္ခတပ်တော်က ယနေ့ညနေတွင်ထုတ်ပြန်သည်။
ယနေ့ ၊ ဖေဖော်ဝါရီလ (၂၄) ရက်နေ့ နေ့လယ် (၂) နာရီ (၇) မိနစ်အချိန်ခန့်တွင် ယိုးငူကျေးရွာရှိ ဈေးတန်းအား စစ်ကော်မရှင်တပ်မှ ဂျက်ဖိုက်တာတစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ဈေးရောင်း ဈေးဝယ်နေကြသူများ၊ ကလေးငယ်များအပါအဝင် အရပ်သား ပြည်သူများသေဆုံးခဲ့ကြောင်းသိရသည်။
ထို့အပြင် လူနေအိမ်၊ ဈေးဆိုင်ခန်းအချိုမှာလည်း မီးလောင် ပျက်စီးသွားပြီး အသေးစိတ်ကို ထပ်မံထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။
Photo - အာရက္ခတပ်တော်
.jpg)
Comments
Post a Comment