Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ခင်ဦးမြို့‌မှာ မီးရှို့ကိုကိုဟုခေါ်သည့် စစ်ဗိုလ်သေဆုံး ၊ စစ်တပ်က ဆိုင်ခန်းများနှင့် ဆန်စက်များကို မီးရှို့

စစ်ကိုင်းတိုင်း ၊ ခင်ဦးမြို့နယ်မှာ နှစ်ပစ်ခတ်မှုအတွင်း မီးရှို့ကိုကိုဟုခေါ်သည့် စစ်တပ်ဘက်မှ ဗိုလ်ဖြစ်သူ ကျော်ကိုကိုဦးသေဆုံးခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှသိရသည်။ 

၎င်းသည် ခင်ဦးမြို့နယ် မြို့နယ်ပြည်သူ့ဆေးရုံတွင် အထိုင်ချ တပ်စွဲနေထိုင်ခဲ့ပြီး ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် သံပြားများ ကာရံထားသော (သံချပ်ကာ)ကားကို အကွယ်အကာလုပ်၍ အင်အား (၄၀) ဝန်းကျင်ခန့်ဖြင့် ခင်ဦး-ရေဦး ကားလမ်းတစ်လျှောက် မြို့အပြင်ဘက်ရှိ နေအိမ် (၅)လုံး၊ ဆိုင်ခန်းဖွင့်လှစ်ထားသော နေအိမ် (၂)လုံးနှင့် ဆန်စက်အကြီး (၂)လုံး၊ စုစုပေါင်း (၉)လုံးကို မီးရှို့ခဲ့ကြောင်းသိရသည်။ 

ကျော်ကိုကိုဦးနှင့် အဖွဲ့ကို ခင်ဦးမြို့နယ် ပကဖများ၊ UG ပကဖများ၊ တိုက်နယ် ပကဖများ ပူးပေါင်း၍ နာရီပိုင်းအကြာ တိုက်ခိုက်ခဲ့ပြီး ကျော်ကိုကိုဦး (မီးရှို့ ကိုကို) သေဆုံးကာ ပြန်လည် ဆုတ်ခွာသွားခဲ့ကြောင်း ပကဖများထံမှသိရသည်။ 

ကျော်ကိုကိုဦးသည် ၎င်းကိုယ်တိုင်က မီးရှို့ ကိုကိုဟုဆိုကာ ပြည်သူများအကြား လှည့်လည် ကြွေးကြော်၍ ခြိမ်းခြောက်ခဲ့ကြောင်း ဒေသခံများကပြောသည်။ ၎င်းအား ယနေ့ ၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ခင်ဦးမြို့ တောင်သုသာန်၌ မီးရှို့ သင်္ဂြိုဟ်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း တော်လှန်ရေး အင်အားစုများဘက်မှ အထိအခိုက် မရှိဘဲ စစ်တပ်၏ MA-1 သေနတ် (၁)လက် သိမ်းဆည်း ရရှိခဲ့ကြောင်း  ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

ဓတ်ပုံ - စစ်တပ်မှ မီးရှို့ခဲ့သည့်မြင်ကွင်းနှင့် သိမ်းဆည်း ရရှိခဲ့သည့် MA-1 သေနတ် ။  

- Bagan News 

Comments