Skip to main content

Latest News

တိုင်းနှင့်ပြည်နယ်အနှံတွင် အချိန်အခါမဟုတ် နေရာကျဲကျဲ မိုးရွာသွန်းနိုင်

 ယခုတစ်ပတ်အတွင်း (၁၆.၃.၂၀၂၆ မှ ၂၂.၃.၂၀၂၆ အထိ) ဘင်္ဂလားပင်လယ်အော် အခြေအနေမှာ  ဘင်္ဂလားပင်လယ်အော် နှင့် ကပ္ပလီပင်လယ်ပြင်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေသည်။ ယခုတပတ်အတွင်း ကပ္ပလီပင်လယ်ပြင်တွင် တိမ်ထူထပ်ခြင်းနှင့် မိုးရွာသွန်းခြင်းများ ဖြစ်ပေါ်နိုင်သော်လည်း လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်ခြေ မရှိကြောင်း NUG လူမှုရေးရာ၊အလုပ်သမားနှင့်လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MOHADM)ကထုတ်ပြန်သည်။  မိုးလေဝသအခြေအနေမှာ မြန်မာနိုင်ငံ အနောက်မြောက်ဘက်မှ ရွှေ့လျားလာသည့် လေပွေလှိုင်းများကြောင့် ချင်းပြည်နယ်၊စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကရင်နီပြည်နယ်နှင့် တနင်္သာရီတိုင်း တို့တွင် အချိန်အခါမဟုတ် နေရာကျဲကျဲ မိုးရွာသွန်းနိုင်ပါသည်။  ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် အချိန်အခါမဟုတ် မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး အချို့နေရာများတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း MOHADM မှသိရသည်။ - BAGAN NEWS 

မိုးကုတ်-မိုးမိတ်တိုက်ပွဲတွေမှာ စစ်တပ်ဘက်က ၂၁ ဦးသေဆုံး

 မန္တလေးတိုင်း မိုးကုတ် နဲ့ရှန်းပြည်နယ်မြောက်ပိုင်း မိုးမိတ်ဒေသတွေမှာ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလအတွင်း တိုက်ပွဲ ကြီးငယ်ပေါင်း (၁၇) ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က (၂၁) ဦး သေဆုံးခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ညမှာ ထုတ်ပြန်ပါတယ်။ 

 

တိုက်ပွဲတွေအတွင်း စစ်တပ်ဘက်က ထိခိုက်မှုများခဲ့ပြီး ဖမ်းမိခဲ့တဲ့ စစ်သုံ့ပန်းတွေကို လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ ဆောင်ရွက်ပေးကာ စနစ်တကျ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ 

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မိုးကုတ် - မိုးမိတ်ဒေသ စစ်ဆင်ရေး စစ်ဦးစီးအဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ အရေးကြီး ပစ်မှတ်တွေကို အထူးစစ်ဆင်ရေးဖော်ဆောင်ပြီး ထိုးနှက်တိုက်ခိုက်နေတယ်လို့ NUG ကထုတ်ပြန်ပါတယ်။ 

မိုးကုတ်- မိုးမိတ်ဒေသအတွင်းမှာ  နယ်မြေလုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး ကိုဆောင်ရွက်နေပြီးမူးယစ်ဆေးဝါး ရောင်းဝယ်တဲ့ တရားခံတွေကိုလည်း ဖမ်းဆီးနေတယ်လို့သိရပါတယ်။ 

- BAGAN NEWS 

Comments