Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

မိုးကုတ်-မိုးမိတ်တိုက်ပွဲတွေမှာ စစ်တပ်ဘက်က ၂၁ ဦးသေဆုံး

 မန္တလေးတိုင်း မိုးကုတ် နဲ့ရှန်းပြည်နယ်မြောက်ပိုင်း မိုးမိတ်ဒေသတွေမှာ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလအတွင်း တိုက်ပွဲ ကြီးငယ်ပေါင်း (၁၇) ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က (၂၁) ဦး သေဆုံးခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ညမှာ ထုတ်ပြန်ပါတယ်။ 

 

တိုက်ပွဲတွေအတွင်း စစ်တပ်ဘက်က ထိခိုက်မှုများခဲ့ပြီး ဖမ်းမိခဲ့တဲ့ စစ်သုံ့ပန်းတွေကို လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ ဆောင်ရွက်ပေးကာ စနစ်တကျ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ 

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မိုးကုတ် - မိုးမိတ်ဒေသ စစ်ဆင်ရေး စစ်ဦးစီးအဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ အရေးကြီး ပစ်မှတ်တွေကို အထူးစစ်ဆင်ရေးဖော်ဆောင်ပြီး ထိုးနှက်တိုက်ခိုက်နေတယ်လို့ NUG ကထုတ်ပြန်ပါတယ်။ 

မိုးကုတ်- မိုးမိတ်ဒေသအတွင်းမှာ  နယ်မြေလုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး ကိုဆောင်ရွက်နေပြီးမူးယစ်ဆေးဝါး ရောင်းဝယ်တဲ့ တရားခံတွေကိုလည်း ဖမ်းဆီးနေတယ်လို့သိရပါတယ်။ 

- BAGAN NEWS 

Comments