Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

အထူးတိုင်းစစ်ဌာနတွင် တပ်ရင်းသစ် ၃ ရင်း ထပ်တိုး ဖွဲ့စည်း

 ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေအောက်ရှိ အထူးတိုင်းစစ်ဌာနတွင် တပ်ရင်းသစ် ၃ ရင်းထပ်မံဖွဲ့စည်းလိုက်ကြောင်း အထူးတိုင်းစစ်ဌာနကထုတ်ပြန်သည်။ 

၎င်းတို့မှာ အမှတ် (၈၀၀၂) တပ်ရင်း - KANBAUK DEFENCE FORCE၊ အမှတ် (၈၀၀၃) တပ်ရင်းနှင့် အမှတ် (၉၉၂၅) တပ်ရင်း - RANGOON WARRIORS PDF တပ်ရင်း(၃)ရင်းတို့ကို ထပ်တိုး ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

အထူးတိုင်းစစ်ဌာနအား ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်မှ ၂၀၂၅ ခုနှစ် ၊ ဧပြီလ ၃ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။ အထူးတိုင်းစစ်ဌာန စတင်ဖွဲ့စည်းချိန်တွင် တိုင်းစစ်ဌာနအောက် နည်းဗျူဟာ (၅) ခုရှိပြီး တရားဝင် ကွပ်ကဲမှုခံယူထားသော တိုက်ခိုက်ရေးတပ်ရင်း (၁၁) ရင်းနှင့် ဒရုန်းလက်ရုံးတပ်ဖွဲ့ (၅) ဖွဲ့ ရှိခဲ့သည်။ 

တိုင်းစစ်ဌာနအနေဖြင့် MOD စစ်ရုံးချုပ်နှင့် အမှတ်(၁) စစ်ဆင်ရေးမှူး၏ လမ်းညွှန်ချက်နှင့်အညီ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၏ ကွပ်ကဲမှုအောက်တွင် COC နှစ်ရပ်နှင့်အညီ ခိုင်မာတောင့်တင်းသော တပ်ရင်း၊ တပ်ဖွဲ့၊ စစ်ကြောင်းများအဖြစ် စနစ်တကျ စုဖွဲ့လေ့ကျင့်လျှက်ရှိကြောင်း သိရသည်။ 

ပထမဆုံးအနေဖြင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များဖြစ်သော ရန်ကုန်၊ ပဲခူး၊ မွန် ပကဖ တပ်ဖွဲ့များကို စနစ်တကျစုစည်း၍ တိုက်ခိုက်ရေးစစ်ကြောင်း (၃) ကြောင်း ဖွဲ့စည်းနိုင်ခဲ့သည်။ ထို့အပြင် အမှတ် (၈၀၀၁) တပ်ရင်းနှင့် အမှတ် (၁၈၁၉) ဒရုန်းတပ်ဖွဲ့ကိုလည်း ထပ်တိုး ဖွဲ့စည်းနိုင်ခဲ့ကြောင်း အထူးတိုင်းစစ်ဌာနမှသိရသည်။ 

- BAGAN NEWS 


Comments