Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ဒီပဲယင်း ညောင်လှကျေးရွာကို စစ်တပ်ဗုံးသီးချ ၁ ဦးသေဆုံး

 စစ်ကိုင်းတိုင်း ၊ ဒီပဲယင်းမြို့နယ် အရှေ့ခြမ်း ညောင်လှကျေးရွာကို စစ်တပ်က ဗုံသီးနှစ်လုံးချ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၃ ဦးထိခိုက်ပြီး ၁ ဦးသေဆုံးခဲ့တယ်လို့ Red Dragon ပြည်သူ့ကာကွယ်ရေးတပ်ကပြောပါတယ်။ 

ဓာတ်ပုံ -  Red Dragon 

မနေ့က ဖောဖော်ဝါရီ ၄ ရက်နေ့ ည ၉ နာရီ ၄၀ မိနစ်ခန့်မှာ အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နမခ ကတက်လာတဲ့ ပါရာမိုတာတစ်စီးက စစ်ပွဲဖြစ်ပွားတာ မရှိပဲ ဗုံသီးချတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။

ဇန်နဝါရီလ ၁၁ ရက်နေ့ကလည်း ဒီပဲယင်းမြို့နယ်၊ မူးကမ်းကြီးကျေးရွာစာသင်ကျောင်းကို စစ်တပ်ဂျက်ဖိုက်တာက လေကြောင်းပစ်ခတ်ခဲ့တာကြောင့် စာသင်ကျောင်းတစ်ခုလုံးနီးပါး ပျက်စီးခဲ့ပါတယ်။

အလားတူ ဇန်နဝါရီလ ၁၉ ရက်နေ့ကလည်း ဒီပဲယင်းမြို့နယ် စိုင်ပြင်မြို့ကို စစ်တပ်ဂျက်ဖိုက်တာနဲ့ လေကြောင်းပစ်ခတ်မှုပြုလုပ်ခဲ့တာကြောင့် အမျိုးသား ၁ ဦးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ 

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၅ ရက်နေ့ ညကလည်း ဒီပဲယင်းမြို့နယ် အရှေ့ခြမ်း မရကန်ကျေးရွာက လက်ဖက်ရည်ဆိုင်ကို စစ်တပ်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခံရပြီး ၅ နှစ်သား ကလေးတစ်ဦး အပါအဝင် သေဆုံးသူ ၁၈ ဦး ရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

- Bagan News 


Comments