Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

ဇေယျဝတီမြို့တွင် စစ်တပ်ဂိတ်တွင်းဝင်ပစ်ပြီး သေနတ် ၂ လက်ရ

 ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဇေယျဝတီမြို့တွင် ယမန်နေ့ ၊ ဖေဖောဝါရီ ၅ ရက်နေ့ ညနေပိုင်း၌ စစ်တပ်ဂိတ်အတွင်း ဝင်ရောက်ပစ်ခတ်ပြီး  သေနတ် ၂ လက်ရယူနိုင်ခဲ့ကြောင်း ဧရာဝတီအမှတ် (၃) တပ်ရင်းမှထုတ်ပြန်သည်။ 

၎င်းဂိတ်သည် ဇေယျဝတီသကြားစက်အနီးတွင်ရှိပြီး ပြည်သူများအား ပေါ်တာဆွဲခြင်း၊ ငွေကြေးကောက်ခံခြင်း များပြုလုပ်နေသော ဂိတ်ဖြစ်ကြောင်း သိရသည်။ 

စစ်ဆင်ရေးကို ဧရာဝတီအမှတ် (၃) တပ်ရင်း (ဟင်္သါတ ခရိုင်အမှတ် ၂ တပ်ရင်း) ရှိ ထောက်လှမ်းရေးရဲဘော်တစ်ဦးမှ  ဂိတ်အတွင်းဝင်ရောက်၍ 9 MM ပစ္စတို တစ်လက်ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်တပ် တပ်ကြပ်ကြီးတစ်ဦးသေဆုံးကာ  MA3 တစ်လက် ၊ MA11 တစ်လက် ၊ ကျည်ဘောက် ၂ ဘောက် ၊ နှင့် ကျည် ၄၀ တောင့် သိမ်ဆည်းရရှိခဲ့၍ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိူင်ခဲ့ကြောင်း ဧရာဝတီအမှတ် (၃) တပ်ရင်းမှထုတ်ပြန်သည်။ 

- BAGAN NEWS 

Comments