Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ဇေယျဝတီမြို့တွင် စစ်တပ်ဂိတ်တွင်းဝင်ပစ်ပြီး သေနတ် ၂ လက်ရ

 ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဇေယျဝတီမြို့တွင် ယမန်နေ့ ၊ ဖေဖောဝါရီ ၅ ရက်နေ့ ညနေပိုင်း၌ စစ်တပ်ဂိတ်အတွင်း ဝင်ရောက်ပစ်ခတ်ပြီး  သေနတ် ၂ လက်ရယူနိုင်ခဲ့ကြောင်း ဧရာဝတီအမှတ် (၃) တပ်ရင်းမှထုတ်ပြန်သည်။ 

၎င်းဂိတ်သည် ဇေယျဝတီသကြားစက်အနီးတွင်ရှိပြီး ပြည်သူများအား ပေါ်တာဆွဲခြင်း၊ ငွေကြေးကောက်ခံခြင်း များပြုလုပ်နေသော ဂိတ်ဖြစ်ကြောင်း သိရသည်။ 

စစ်ဆင်ရေးကို ဧရာဝတီအမှတ် (၃) တပ်ရင်း (ဟင်္သါတ ခရိုင်အမှတ် ၂ တပ်ရင်း) ရှိ ထောက်လှမ်းရေးရဲဘော်တစ်ဦးမှ  ဂိတ်အတွင်းဝင်ရောက်၍ 9 MM ပစ္စတို တစ်လက်ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်တပ် တပ်ကြပ်ကြီးတစ်ဦးသေဆုံးကာ  MA3 တစ်လက် ၊ MA11 တစ်လက် ၊ ကျည်ဘောက် ၂ ဘောက် ၊ နှင့် ကျည် ၄၀ တောင့် သိမ်ဆည်းရရှိခဲ့၍ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိူင်ခဲ့ကြောင်း ဧရာဝတီအမှတ် (၃) တပ်ရင်းမှထုတ်ပြန်သည်။ 

- BAGAN NEWS 

Comments