Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ပေါက်မြို့နယ်တိုက်ပွဲမှာ စစ်တပ်ဘက် ၁၈ ဦးသေဆုံး

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ၊ ပေါက်မြိုနယ်တောင်ပိုင်းကို စစ်ကြောင်းထိုးဝင်ရောက်လာသည့်တပ်မ ၉၉ နှင့် ပျုပူးပေါင်းအင်အား ၃၀၀ ခန့်ပါစစ်ကြောင်းအား ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် သီးချောက်ရွာအနီး၌ တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှအထိအခိုက် အကျအဆုံးများခဲ့ကြောင်း မြိုင်ပကဖက ထုတ်ပြန်သည်။  

Photo - မြိုင် ပကဖ

စစ်တပ်ဘက်မှ ၁၂၂ ဟောင်ဝှစ်ဇာလက်ကြီးပစ်ကူ ၆ ကြိမ် နှင့် လေကြောင်းပစ်ကူ ၂ ကြိမ်ပေးခဲ့ပြီး တိုက်ပွဲမှ ထိခိုက်ဒဏ်ရာရ လူနာများအား သယ်ဆောင်ပြီး ကပစ၂၄ ကို ပြန်လည်ဆုတ်ခွာသွားကြောင်းသိရသည်။ 

၎င်းစစ်တပ်စစ်ကြောင်းအား ပေါက်တောင်ပိုင်း ဆင်ဇာရွာမှ ပေါက်မြိုအနီး ပေါက်ချောင်း အောက်စုရွာထိအနီးကပ်လိုက်လံတိုက်ခဲ့ပြီးစစ်တပ် ဘက်မှ ၁၈ဦး သေဆုံးကာ အမြောက်အများထိခိုက်ဒဏ်ရာရ ရှိသွားခဲ့ကြောင်း ၊ ပေါက်မြို့ဆေးရုံတွင် လူနာများလွန်း၍ မြို့နေပြည်သူများအား ဆေးရုံအတွင်း မဝင်ရဟု ပိတ်ထားကြောင်း မြိုင်ပကဖက ထုတ်ပြန်သည်။ 

တိုက်ပွဲ ၂ ကြိမ်အတွင်း လေယာဉ်ဗုံးစထိမှန်ကာ PDF ရဲဘော် ၁ ဦး မစိုးရိမ်ရသည့် ဒဏ်ရာရရှိခဲ့ပြီး စစ်တပ်စစ်ကြောင်းကို ပေါက် ပကဖ နှင့် မြိုင် ပကဖတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းသိရသည်။ 

- Bagan News 


Comments