Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

စလင်းမြို့နယ်တွင် စစ်တပ် ဗုံးကြဲခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံး

 မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ၊ စလင်းမြို့နယ်၊ ကန်ကြီးကျေးရွာကို ယမန်နေ့ ဖေဖော်ဝါရီ ၈ရက်နေ့တွင် စစ်တပ် ကပစ ၂၂မှ ပါရာမော်တာ(စက်တပ်လေထီး)ဖြင့် ဗုံး ၃လုံးကြဲချခဲ့ခြင်းကြောင့် အသက် ၈၀ ခန့် အဖွားအိုတစ်ဦး သေဆုံးခဲ့ကြောင်း ပြည်သူ့ ညီနောင် - စလင်းအဖွဲ့မှထုတ်ပြန်သည်။

စစ်တပ် ပါရာမော်တာမှ ဗုံးများသည် ကန်ကြီးကျေးရွာရှိ နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အခြားအသက် ၇၀ အရွယ် အဖွားတစ်ဦးနှင့် အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိကာ နွား ၃ ကောင်လည်း သေဆုံးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၆ ရက်နေ့တွင်လည်း စိဆွဲကျေးရွာမှအထိုင်ချတပ်စွဲထားသော စစ်တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု့ကြောင့် တညောင်တိုက်နယ် သန်းကုန်းကျေးရွာပေါ်သို့ ကျရောက်ပေါက်ကွဲပြီး ပြည်သူနေအိမ်တစ်လုံး မီးလောင်းပျက်စီးခဲ့ကြောင်း သိရသည်။ 

အလားတူ ဖေဖော်ဝါရီ ၄ ရက်နေ့ကလည်း စလင်းမြို့နယ်ရှိ ၂၅၃ တပ်တွင်းထဲမှ ဟောင်ဝှစ်ဇာ လက်နက်ကြီး( အမြှောက်)ဖြင့် ပစ်ခတ်ခဲ့ရာ ထနောင်းကုန်းကျေးရွာ စာသင်ကျောင်း တောင်ဘက် ပြောင်းခင်းထဲသို့ ကျရောက်ပေါက်ကွဲခဲ့ ကြောင်း ရွာခံများထံမှ သိရသည်။

စလင်းမြို့ပေါ်တွင်လည်း စစ်အုပ်စုက ပေါ်တာဆွဲဖမ်းဆီးမှုများပြုလုပ်နေပြီး စလင်းမြို့ပေါ်လာရောက်စျေးဝယ်သူ အမျိုးသား ၃ ဦးကို စလင်း ရဲစခန်းသို့ဖမ်းဆီးခေါ်ဆောင်သွားကာ ငွေကျပ် ၁၆၀ သိန်းဖြင့် ပြန်လည်ရွေးထုတ်ခဲ့ရကြောင်း ပြည်သူ့ ညီနောင် - စလင်းအဖွဲ့မှထုတ်ပြန်သည်။

- Bagan News 

Comments