Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

ကသာခရိုင် တိုက်ပွဲအတွင်း ကျဆုံးရဲဘော်တွေရဲ့ မိသားစုဝင်တွေကို ထောက်ပံ့

 စစ်ကိုင်းတိုင်း ၊ အင်းတော်အခြေပြု၊ ကသာခရိုင် အမှတ်(၂)တပ်ရင်းကနေ တိုက်ပွဲအတွင်း ကျဆုံးရဲဘော်တွေရဲ့ မိသားစုဝင်တွေကို ဒီရက်ပိုင်းအတွင်းမှာ ထောက်ပံ့ခဲ့တယ်လို့ Indaw Revolution-IR တပ်ဖွဲ့ကထုတ်ပြန်ပါတယ်။ 

K2 တပ်ရင်း စတင်ဖွဲ့စည်းချိန်ကစလို့ ဒီနေ့ထိတိုင် ဖယ်ဒရယ်ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရတဲ့သူတွေအားလုံးကို ထောက်ပံ့ပေးခဲ့တာဖြစ်ပြီး ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့တဲ့ ရဲဘော်တွေကိုလည်း ဆက်လက်ကူညီသွားမှာဖြစ်တယ်လို့သိရပါတယ်။ 

 K2တပ်ရင်းဟာ တပ်ရင်းထဲက ရဲဘော်တွေရဲ့ မိသားစုဝင်တွေကို ဆန်၊ဆီ၊ဆား စတဲ့ရိက္ခာတွေကို လစဉ်ထောက်ပံ့လျက်ရှိတယ်လို့ သိရပါတယ်။ ထောက်ပံ့မှုဟာ K2 တပ်ရင်းနဲ့  Indaw Revolution-IR အဖွဲ့တို့ရဲ့  ၂၀၂၅ခုနှစ် အောက်တိုဘာလအတွင်းမှာ ပူးပေါင်း လုပ်ဆောင်ခဲ့ကြတဲ့ "‌ဂုဏ်ပြုကူညီ ရှေ့သို့ချီ" မဲကမ်ပိန်းကနေ ရရှိတဲ့ငွေနဲ့ ထောက်ပံ့ပေးနိုင်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။ 

- BAGAN NEWS 

Comments