Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ကသာခရိုင် တိုက်ပွဲအတွင်း ကျဆုံးရဲဘော်တွေရဲ့ မိသားစုဝင်တွေကို ထောက်ပံ့

 စစ်ကိုင်းတိုင်း ၊ အင်းတော်အခြေပြု၊ ကသာခရိုင် အမှတ်(၂)တပ်ရင်းကနေ တိုက်ပွဲအတွင်း ကျဆုံးရဲဘော်တွေရဲ့ မိသားစုဝင်တွေကို ဒီရက်ပိုင်းအတွင်းမှာ ထောက်ပံ့ခဲ့တယ်လို့ Indaw Revolution-IR တပ်ဖွဲ့ကထုတ်ပြန်ပါတယ်။ 

K2 တပ်ရင်း စတင်ဖွဲ့စည်းချိန်ကစလို့ ဒီနေ့ထိတိုင် ဖယ်ဒရယ်ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရတဲ့သူတွေအားလုံးကို ထောက်ပံ့ပေးခဲ့တာဖြစ်ပြီး ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့တဲ့ ရဲဘော်တွေကိုလည်း ဆက်လက်ကူညီသွားမှာဖြစ်တယ်လို့သိရပါတယ်။ 

 K2တပ်ရင်းဟာ တပ်ရင်းထဲက ရဲဘော်တွေရဲ့ မိသားစုဝင်တွေကို ဆန်၊ဆီ၊ဆား စတဲ့ရိက္ခာတွေကို လစဉ်ထောက်ပံ့လျက်ရှိတယ်လို့ သိရပါတယ်။ ထောက်ပံ့မှုဟာ K2 တပ်ရင်းနဲ့  Indaw Revolution-IR အဖွဲ့တို့ရဲ့  ၂၀၂၅ခုနှစ် အောက်တိုဘာလအတွင်းမှာ ပူးပေါင်း လုပ်ဆောင်ခဲ့ကြတဲ့ "‌ဂုဏ်ပြုကူညီ ရှေ့သို့ချီ" မဲကမ်ပိန်းကနေ ရရှိတဲ့ငွေနဲ့ ထောက်ပံ့ပေးနိုင်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။ 

- BAGAN NEWS 

Comments