Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

စစ်အာဏာသိမ်း ၅ နှစ်ကျော်အတွင်း ပြည်သူ ၈ ထောင်နီးပါး စစ်အုပ်စုလက်ချက်ကြောင့်သေဆုံး

 ၂၀၂၁ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ၂၀၂၆ ခုနှစ်၊ဖေဖော်ဝါရီ ၂၈ ရက်နေ့ အထိ စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် သေဆုံးခဲ့သည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ ၇,၈၄၂ ဦး ရှိခဲ့ပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ကထုတ်ပြန်သည်။ 

သေဆုံးသူများတွင် ဖမ်းဆီးပြီးနောက်သတ်ခံရသူ ၂၂၃၅ ဦး ၊ အမျိုးသမီး ၂၀၉၀ ဦး နှင့် ကလေး ၁၀၁၇ ဦးပါဝင်ကြောင်း သိရသည်။ 

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၃၀၅၃၁ ဦးရှိပြီး ထိုအထဲမှ ၂၂၈၁၉ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ ၁၁၅၇၉ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရကြောင်း AAPP မှသိရသည်။ 

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် မြေပြင်တွင် ယခုထက် ပိုမိုများပြားနိုင်ကြောင်းဖော်ပြသည်။ 

ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၇ ရက်နေ့အထိ နိုင်ငံတဝန်း၌ စစ်အုပ်စုကြောင့် အမျိုးသား ၉၄ ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး ထိုအရေအတွက်တွင် ၂ လ အရွယ် ယောကျာ်းလေး တဦးအပါအဝင် အသက် ၁၈ အောက် ယောက်ျားလေး ၁၂ ဦး ပါဝင်ကြောင်းသိရသည်။ 

အဆိုပါ သေဆုံးသူများအနက် စစ်ကိုင်းတိုင်းမှာ (၂၅) ဦးဖြင့် အများဆုံးနှင့် ရခိုင်ပြည်နယ်မှာ (၁၆) ဦးဖြင့် ဒုတိယအများဆုံးဒေသဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - မြိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်(သရက်ချောင်းနယ်မြေ)၊ စုံစင်ဖျားကျေးရွာအတွင်းတွင်ဖေဖော်ဝါရီလ(၂၇)ရက်နေ့၌ စစ်တပ် ခလရ (၄၀၉)တပ်က သတ်ဖြတ်ခဲ့သည့် ခရီးသွားပြည်သူများ။

- Bagan News

Comments