Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ကျောက်ကြီးတွင် စစ်တပ်က အရပ်သား ၃ဝ ခန့်ကိုသတ်ကာ ရွာသား ၁၆ဝ ခန့်ကို လူသားဒိုင်းအဖြစ်ဖမ်းထား

ပဲခူးတိုင်း ၊ ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်) ၊ လယ်ဒိုမြို့နယ်(ကျောက်ကြီး)အတွင်းတွင် စစ်တပ် ပစ်ခတ်ခြင်းကြောင့် ရေတွင်းကုန်းကျေးရွာအတွင်းရှိ အရပ်သား ၃ဝ ထိခိုက်သေဆုံးခဲ့ကြောင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးကထုတ်ပြန်သည်။ 

လယ်ဒိုမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသော ခမရ-၂၀၊ ခလရ-၂၆၄၊ ခမရ-၄၃၉ ပူးပေါင်းစစ်ကြောင်းမှ မတ်လ (၅) ရက်နေ့တွင် ရေတွင်းကုန်း ကျေးရွာအုပ်စု အတွင်းရှိ အရပ်သား (၁၆၀) ဦး ခန့်အား အကြောင်းမဲ့ဖမ်းဆီးခဲ့ကြောင်းထုတ်ပြန်သည်။ 

ထို့နောက် မတ်လ (၇) ရက်နေ့တွင် စစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်မှ ဒရုန်းနှင့်ဂျက်ဖိုက်တာတို့ဖြင့် ရေတွင်းကုန်းကျေးရွာအုပ်စုအတွင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၎င်းတို့ဖမ်းဆီးထားသော အရပ်သား  (၂၅) ဦး ခန့် ထိခိုက်သေဆုံးခဲ့ပြီး (၅) ဦးမှာ သတ်ဖြတ်ခြင်းခံခဲ့ရကြောင်း ကေအဲန်ယူကဆိုသည်။ 

ဓါတ်ပုံ - စစ်တပ်၏ ဒရုန်းနှင့်လက်နက်ကြီးပစ်ခတ်တိုက်မှုကြောင့် ထိခိုက်သေဆုံးရမှုများ။ 

- BAGAN NEWS 

Comments