Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

ကျောက်ကြီးတွင် စစ်တပ်က အရပ်သား ၃ဝ ခန့်ကိုသတ်ကာ ရွာသား ၁၆ဝ ခန့်ကို လူသားဒိုင်းအဖြစ်ဖမ်းထား

ပဲခူးတိုင်း ၊ ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်) ၊ လယ်ဒိုမြို့နယ်(ကျောက်ကြီး)အတွင်းတွင် စစ်တပ် ပစ်ခတ်ခြင်းကြောင့် ရေတွင်းကုန်းကျေးရွာအတွင်းရှိ အရပ်သား ၃ဝ ထိခိုက်သေဆုံးခဲ့ကြောင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးကထုတ်ပြန်သည်။ 

လယ်ဒိုမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသော ခမရ-၂၀၊ ခလရ-၂၆၄၊ ခမရ-၄၃၉ ပူးပေါင်းစစ်ကြောင်းမှ မတ်လ (၅) ရက်နေ့တွင် ရေတွင်းကုန်း ကျေးရွာအုပ်စု အတွင်းရှိ အရပ်သား (၁၆၀) ဦး ခန့်အား အကြောင်းမဲ့ဖမ်းဆီးခဲ့ကြောင်းထုတ်ပြန်သည်။ 

ထို့နောက် မတ်လ (၇) ရက်နေ့တွင် စစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်မှ ဒရုန်းနှင့်ဂျက်ဖိုက်တာတို့ဖြင့် ရေတွင်းကုန်းကျေးရွာအုပ်စုအတွင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၎င်းတို့ဖမ်းဆီးထားသော အရပ်သား  (၂၅) ဦး ခန့် ထိခိုက်သေဆုံးခဲ့ပြီး (၅) ဦးမှာ သတ်ဖြတ်ခြင်းခံခဲ့ရကြောင်း ကေအဲန်ယူကဆိုသည်။ 

ဓါတ်ပုံ - စစ်တပ်၏ ဒရုန်းနှင့်လက်နက်ကြီးပစ်ခတ်တိုက်မှုကြောင့် ထိခိုက်သေဆုံးရမှုများ။ 

- BAGAN NEWS 

Comments