Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

မတ္တရာမျိုးမှန်တပ်ဖွဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ ကွပ်ကဲမှုအောက်ဝင်

 မန္တလေးတိုင်း၊ မတ္တရာအခြေပြု ဒေသကာကွယ်ရေးတပ်တခုဖြစ်သည့် မတ္တရာမျိုးမှန်တပ်ဖွဲ့အား ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ ကွပ်ကဲမှုအောက်သို့ထည့်သွင်းလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်သည်။ 


မတ္တရာမျိုးမှန်တပ်ဖွဲ့သည် ရှမ်းမန်း စစ်ဆင်ရေးတွင်လည်း‌ကောင်း၊ ရှမ်းမန်းစစ်ဆင်ရေးအလွန် ခုခံစစ်တွင်လည်း‌ကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်းတပ်ဖွဲ့များ၊ ပကဖများ နှင့်အတူ အတူတကွလက်တွဲ တိုက်ပွဲဝင်လျက်ရှိသည့် တော်လှန်ရေးအဖွဲ့အစည်း တခုဖြစ်သည်။ 


ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ရုံးချုပ်က "မတ္တရာမျိုးမှန်တပ်ဖွဲ့ အနေဖြင့်လည်း မတ္တရာကိုအခြေပြု၍ စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင် တော်လှန်ဆန့်ကျင်နေသော အားကောင်းသည့် တပ်ဖွဲ့တခုအဖြစ် သိရှိထားပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်က တည်ဆောက်လျက်ရှိသည့် ကွပ်ကဲမှုစနစ်အတွင်းသို့ ဝင်ရောက် လုပ်ဆောင်မည်ဆိုပါက ယခုထက် ပို၍ တော်လှန်ရေးအတွက် အကျိုးပြုနိုင်မည်ဟု ယုံကြည်ကြောင်း" ထုတ်ပြန်သည်။ 

ပြည်သူ့ကာကွယ်ရေးတပ်မတော်က တည်ဆောက်လျက်ရှိသည့် ဆင့်ကဲကွပ်ကဲမှုစနစ်အတွင်း ဝင်ရောက်၍ တပ်မတော်၏ အစိတ်အပိုင်းအဖြစ် တော်လှန်တိုက်ပွဲ ဝင်သွားရန် ဖိတ်ခေါ်ခဲ့ရာ တော်လှန်ရေးအကျိုးကျေးဇူးကို ကောင်းစွာ ရှေးရှုနိုင်ကြသည့် မတ္တရာမျိုးမှန်တပ်ဖွဲ့ ခေါင်းဆာင်များကလည်း လက်ခံသဘောတူခဲ့ကြကြောင်း NUG ကထုတ်ပြန်သည်။ 

မတ္တရာမျိုးမှန်တပ်ဖွဲ့သည် ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ ဆင့်ကဲကွပ်ကဲမှုတွင် ပါဝင်လျက် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း၊ တပ်ဖွဲ့များအဖြစ် ကွပ်ကဲမှုခံယူ၍ တော်လှန်တိုက်ပွဲဝင်လျက်ရှိကြောင်း လည်းထုတ်ပြန်သည်။

- BAGAN NEWS 


Comments