Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

ညောင်လေးပင်ခရိုင်တွင် စစ်တပ်ကြောင့် အရပ်သား ၅ ဦး ထိခိုက်ဒဏ်ရာရ

 ပဲခူးတိုင်း ၊ ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်) လယ်ဒိုမြို့နယ်(ကျောက်ကြီး)နှင့် မူး(မုန်း) မြို့နယ်တို့တွင် စစ်တပ်မှ လက်နက်ကြီးနှင့် ဒရုန်းတို့ဖြင့် ပစ်ခတ်ခြင်းကြောင့် အရပ်သား (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရပြီး စစ်တပ်မိုင်းနင်းမိပြီး ပြည်သူ (၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးကထုတ်ပြန်သည်။ 

Photo -စစ်ဘေးရှောင်များ။
မူးမြို့နယ်အတွင်း မတ်လ (၄) ရက်နေ့တွင် စစ်တပ်မှ နတ်လောင်းလေး ကျေးရွာအတွင်းသို့ ဒရုန်းဖြင့် ဗုံးသီး (၂) လုံး လာရောက် ကျဲချခဲ့ရာ အရပ်သား (၂)ဦး  ထိခိုက်ဒဏ်ရာရရှိခဲ့ရပြီး စစ်တပ်များ ထောင်ထားသောမှိုင်းနင်းမိပြီး အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ 

လယ်ဒိုမြို့နယ်အတွင်းတွင် မတ်လ (၅) ရက်နေ့၌ စစ်တပ် ခလရ-၂၆၄ တပ်ရင်းမှ ၁၂၀ မမ လက်နက်ကြီး (၁)လုံး ပစ်ခတ်ခဲ့ရာ အင်းပရိ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သား (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူကထုတ်ပြန်သည်။ 


- BAGAN NEWS



Comments