Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ထားဝယ်-မြိတ်လမ်းတွင် နှစ်ပေါင်း ၃၀ ကျော် အခြေချတပ်စွဲထားသော စစ်တပ်စခန်းကို K.N.LA ပူးပေါင်းတပ်ဖွဲ့သိမ်း

 တနင်္သာရီတိုင်း ၊ မြိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်(သရက်ချောင်းနယ်မြေ)၊ ထားဝယ်-မြိတ် အမှတ်(၈)လမ်းမှတ်ကြီး မင်းဒပ်ကျေးရွာအတွင်းတွင် နှစ်ပေါင်း(၃၀)ကျော် အခြေချတပ်စွဲထားသော ဝင်းဝတပ်စခန်းကို  မတ်လ (၁၁) ရက်နေ့ ညနေတွင် K.N.LA တပ်မဟာ(၄)နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း K.N.LA ကထုတ်ပြန်သည်။ 

ကရင်လွတ်မြောက်ရေးတပ်မတော် ဗျူဟာအမှတ်(၂)ဦးဆောင်မှုဖြင့် K.N.LA တပ်မဟာ(၄) တပ်ရင်း(၁၂)၊ တပ်မဟာ (၆) တပ်ရင်း(၂၇)၊ တပ်မဟာ(၄) အထူးကွန်မန်ဒိုတပ်ဖွဲ့၊ ဗျူဟာ(၃၃) လက်အောက်ခံ T(5)တပ်ရင်း နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ 

ဝင်းဝစခန်းကို ၂၀၂၆ခုနှစ် ဖေဖော်ဝါရီလ(၇)ရက်နေ့ မှစတင်တိုက်ခိုက်ခဲ့ပြီး မတ်လ(၁၁)ရက်နေ့ ညနေ ၄ နာရီတွင် အပြီးသိမ်းပိုက်နိုင်ခဲ့ကြောင်းသိရသည်။ 

စစ်ဆင်ရေးတိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်ကျဆုံးရှိခဲ့ကြောင်း ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင်၊ ပြည်သူ့ဆက်ဆံရေးနှင့်သတင်းပြန်ကြားရေးကထုတ်ပြန်သည်။ 

‎ဓာတ်ပုံ- KNLA တပ်မဟာ(၄)တပ်ရင်း(၁၂)၊ တပ်မဟာ(၄)တပ်ရင်း(၂၇)နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များပုံ နှင့်တိုက်ခိုက်သိမ်းပိုက်ရရှိလက်နက်ခဲယမ်းများ။

- BAGAN NEWS 

Comments