Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

ထားဝယ်-မြိတ်လမ်းတွင် နှစ်ပေါင်း ၃၀ ကျော် အခြေချတပ်စွဲထားသော စစ်တပ်စခန်းကို K.N.LA ပူးပေါင်းတပ်ဖွဲ့သိမ်း

 တနင်္သာရီတိုင်း ၊ မြိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်(သရက်ချောင်းနယ်မြေ)၊ ထားဝယ်-မြိတ် အမှတ်(၈)လမ်းမှတ်ကြီး မင်းဒပ်ကျေးရွာအတွင်းတွင် နှစ်ပေါင်း(၃၀)ကျော် အခြေချတပ်စွဲထားသော ဝင်းဝတပ်စခန်းကို  မတ်လ (၁၁) ရက်နေ့ ညနေတွင် K.N.LA တပ်မဟာ(၄)နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း K.N.LA ကထုတ်ပြန်သည်။ 

ကရင်လွတ်မြောက်ရေးတပ်မတော် ဗျူဟာအမှတ်(၂)ဦးဆောင်မှုဖြင့် K.N.LA တပ်မဟာ(၄) တပ်ရင်း(၁၂)၊ တပ်မဟာ (၆) တပ်ရင်း(၂၇)၊ တပ်မဟာ(၄) အထူးကွန်မန်ဒိုတပ်ဖွဲ့၊ ဗျူဟာ(၃၃) လက်အောက်ခံ T(5)တပ်ရင်း နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ 

ဝင်းဝစခန်းကို ၂၀၂၆ခုနှစ် ဖေဖော်ဝါရီလ(၇)ရက်နေ့ မှစတင်တိုက်ခိုက်ခဲ့ပြီး မတ်လ(၁၁)ရက်နေ့ ညနေ ၄ နာရီတွင် အပြီးသိမ်းပိုက်နိုင်ခဲ့ကြောင်းသိရသည်။ 

စစ်ဆင်ရေးတိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်ကျဆုံးရှိခဲ့ကြောင်း ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင်၊ ပြည်သူ့ဆက်ဆံရေးနှင့်သတင်းပြန်ကြားရေးကထုတ်ပြန်သည်။ 

‎ဓာတ်ပုံ- KNLA တပ်မဟာ(၄)တပ်ရင်း(၁၂)၊ တပ်မဟာ(၄)တပ်ရင်း(၂၇)နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များပုံ နှင့်တိုက်ခိုက်သိမ်းပိုက်ရရှိလက်နက်ခဲယမ်းများ။

- BAGAN NEWS 

Comments