Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

NUG နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲ့တို့ တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်များနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရအဖွဲ့ဝင်များသည် မတ်လ ၁၀ ရက်နေ့တွင် လွတ်မြောက်နယ်မြေ တစ်နေရာ၌ လုပ်ပိုင်ခွင့် အာဏာခွဲဝေခြင်း (Division of Competency) နှင့်စပ်လျဉ်း၍ ဒုတိယအကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း NUG ကထုတ်ပြန်သည်။ 

ယင်းအစည်းအဝေးတွင် နှစ်ဘက် တာဝန်ရှိသူများက လုပ်ပိုင်ခွင့်အာဏာခွဲဝေခြင်း (Division of Competency) ကိစ္စရပ်နှင့်စပ်လျဉ်း၍ ဆွေးနွေးကြရာ သဘောတူညီချက် ၉ ရပ် ချမှတ်နိုင်ခဲ့ကြောင်းသိရသည်။ 

အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ ဘဏ္ဍာရေးနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကိုလည်း အပြန်အလှန် တိုင်ပင်ခဲ့ကြကြောင်း သိရသည်။ 

၎င်းအစည်းအဝေးသို့ အမျိုးသားညီညွတ်ရေးအစိုးရမှ ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန် ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နီ၊ လူမှုကူညီရေး အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးခွန်စောဖူးနှင့် ရုံးအဖွဲ့ဝင်များတက်ရောက်ကြပြီး စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရအဖွဲ့မှ ဝန်ကြီးချုပ်ဦးစိုးဦး၊ ၊ ပြည်ထဲရေးဝန်ကြီး ဦးမိုးမင်းဝင်း၊ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးသန်းလှိုင်၊ ရှေ့နေချုပ် ဦးအောင်ချစ်ညို နှင့် ရုံးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

#BaganNews

#စစ်ကိုင်းဖက်ဒရယ်ယူနစ်

#NUG

#PDF 

#စစ်ကိုင်းတိုင်း 

#Myanmar


Website  https://www.bagannews.org/

Telegram   https://t.me/bagannews

Comments