ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြိုသစ် (အရှေ့ပိုင်း) မြိုနယ်၊ အမှတ် (၈) ရပ်ကွက်ရှိ “ရွှေစင်ဝင်း” ရွှေဆိုင်နှင့် တောင်ဥက္ကလာပမြိုနယ်၊ အမှတ်(၆)ရပ်ကွက်၊ နန္ဒဝန်ဈေးအနီးရှိ“ရောင်နီဦး” ရွှေဆိုင်တို့အား သေနတ်ပစ်ဖောက်ကာ လုယက်ခဲ့ကြသည့် အမျိုးသား ၃ ဦးအား ဖမ်းဆီးခဲ့ကြောင်း စစ်တပ် ပြန်ကြားရေးကထုတ်ပြန်သည်။
၎င်းအချိန်တွင် အမျိုးသားနှစ်ဦးရောက်ရှိလာပြီး သေနတ်ပစ်ဖောက်ခြိမ်းခြောက်ကာ ကားဘီးဖြုတ်သည့် ဂွင်းဂွဖြင့်ရိုက်နှက်ပြီး ရွှေထည်ပစ္စည်းများထည့်ထားသော အိတ်အားလုယက်ယူဆောင်၍ အသင့်စောင့်နေသည့် အမျိုးသားတစ်ဦးမောင်းနှင်သည့် ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ဆိုင်ပိုင်ရှင်က တိုင်ကြားလာသဖြင့် ဒဂုံမြိုသစ် (အရှေ့ပိုင်း) မြိုမရဲစခန်းကစုံစမ်းခဲ့ရာ ဒဂုံမြိုသစ် (အရှေ့ပိုင်း) မြိုနယ်၊ အမှတ် (၄) ရပ်ကွက်နေ ဇော်လင်းထွန်း (၃၃) နှစ် (ဘ) ဦးထွန်းသောင်းအား ၎င်း၏ဇာတိဖြစ်သော ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြိုနယ်၊ ညောင်တေးကျေးရွာရှိ နေအိမ်၌ ဧပြီလ ၁ ရက်နေ့ ညပိုင်းတွင် ဖမ်းမိခဲ့သည်။
ဇော်လင်းထွန်း၏ ထွက်ဆိုချက်အရ သေနတ်ပစ်ဖောက်လုယက်မှု ကျူးလွန်သူ မှန်ကြီး (ခ) သက်နောင် (၅၈) နှစ် (ဘ) ဦးသိန်းအား ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြိုနယ်၊ မင်းရဲရပ်ကွက်ရှိ ရသာမွန်စားသောက်ဆိုင်၌ ဧပြီလ ၂ ရက်နေ့ ညပိုင်းတွင် ထပ်မံဖမ်းဆီးရမိခဲ့သည်။
၎င်းတို့အဆိုအရ ဇော်လင်းထွန်းသည် “ရွှေစင်ဝင်း" ရွှေဆိုင်အား လုယက်မှုမကျူးလွန်မီ လေ့လာစောင့်ကြည့်ခြင်းများ ပြုလုပ်ပေးခဲ့ပြီး မှန်ကြီး (ခ) သက်နောင်နှင့် သက်ပိုင်ဦး (ဖမ်းဆီးရန်ကျန်) တိုနှစ်ဦးက သေနတ်ပစ်ဖောက်၍ လုယက်ခဲ့ကြကြောင်း၊ ဇော်လင်းထွန်းက ဆိုင်ကယ်မောင်းနှင်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
မှန်ကြီး (ခ) သက်နောင်ထံမှ ရွှေထည်ပစ္စည်းမျိုးစုံ ၃၀၅ ခု၊ ငွေကျပ်သိန်း ၂၄၀ ၊ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် KUZEY-GN19 စာတမ်းပါ ပစ္စတိုသေနတ် (၁) လက်၊ PAC 380 AUTO ကျည် (၁၃) တောင့်၊ THAI ARMS-380 ACP ကျည် (၂) တောင့်၊ ကျည်ဘောက် (၂) ခု၊ ပစ္စတိုသေနတ်ထည့်သည့် MARMY စာတန်းပါအစိမ်းရောင်အိတ် (၁) ခုနှင့် ရွှေထည်ပစ္စည်းမျိုးစုံ ၆၅ ခု ၊ ရွှေပေါက်ကံတံတားအောက် ငမိုးရိပ်ချောင်းအတွင်းမှ လုယက်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် Feiling 110 အမျိုးအစား အနက်ရောင် ဆိုင်ကယ်အားလည်းကောင်း အသီးသီးသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
မှန်ကြီး(ခ)သက်နောင်နှင့် ဇော်လင်းထွန်းတို၏ထွက်ဆိုချက်အရ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့ နေ့လယ်ပိုင်းတွင် ၎င်းတိုနှစ်ဦးသည် စည်သူ(၃၈)နှစ် (ဘ)ဦးတင်ထွန်း နှင့်အတူ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြိုနယ်၊ အမှတ်(၆)ရပ်ကွက်၊ နန္ဒဝန်ဈေးအနီးရှိ“ရောင်နီဦး” ရွှေဆိုင်အား လုယက်မှုကျူးလွန်ခဲ့ကြသည့် တရားခံများဖြစ်ကြောင်း ၊ ထို့နောက် စည်သူအား ဧပြီလ ၂ ရက်နေ့တွင် မြောက်ဥက္ကလာပမြိုနယ်၊ အမှတ်(၂)ရပ်ကွက်၊ ရွှေပင်လယ်ဘုန်းကြီးကျောင်းအနီး၌ သက်သေခံ ဆိုင်ကယ်နှင့်အတူ ထပ်မံဖမ်းမိခဲ့ကြောင်း ထုတ်ပြန်သည်။
“ရွှေစင်ဝင်း”ရွှေဆိုင်နှင့် “ရောင်နီဦး”ရွှေဆိုင်တိုကို သေနတ်ပစ်ဖောက်ခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများလုယက်မှုကျူးလွန်ခဲ့ကြသည့် မှန်ကြီး(ခ)သက်နောင်၊ ဇော်လင်းထွန်းနှင့် စည်သူ တိုသုံးဦးကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူမည်ဖြစ်ပြီး ကျန်တရားခံ သက်ပိုင်ဦးအား ဖမ်းမိရေး ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

Comments
Post a Comment