Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ကျောက်ပန်းတောင်း ဆည်ပေါက်ချောင်းမှာ မျှောနေတဲ့ ကားပေါ်က လူ ၁၉ ဦးကိုကယ်တင်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ဆည်ပေါက်ချောင်းမှာ မျှောပါနေတဲ့ ကားပေါ်က လူ ၁၉ ဦးကိုကယ်တင်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ 

မနေ့ ဧပြီလ ၂၆ ရက် ညနေ ၅ နာရီခွဲခန့်မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျောက်ပန်းတောင်း -ပုပ္ပါးလမ်းမပေါ်ရှိ ဆည်ပေါက်ချောင်းရေလျှံခဲ့ပါတယ်။ ချောင်းရေလျှံချိန်မှာ ကား ၁ စီးဟာ ရေစီးနဲ့အတူမျှောပါခဲ့ပြီး ခရီးသည်တွေ ယာဉ်ပေါ်မှာ ပိတ်မိခဲ့ပါတယ်။ 

ကားပေါ်က အမျိုးသား(၅)ဦး ၊ အမျိုးသမီး(၁၁)ဦးနဲ့ ကလေး(၃)ဦးတို့ကို ညနေ ၆ နာရီခွဲခန့်မှာ ကျောက်ပန်းတောင်းမီးသတ်တပ်ဖွဲ့ဝင်တွေက  ကယ်ထုတ်နိုင်ခဲ့တယ်လို့သိရပါတယ်။

(Video)

https://web.facebook.com/reel/1332646952085503


#BaganNews 

#ကျောက်ပန်းတောင်း

#ဆည်ပေါက်ချောင်း

#မန္တလေးတိုင်း

#မြန်မာ 

#Myanmar 


Website  https://www.bagannews.org/

Telegram   https://t.me/bagannews

Comments