Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

ကျောက်ပန်းတောင်း ဆည်ပေါက်ချောင်းမှာ မျှောနေတဲ့ ကားပေါ်က လူ ၁၉ ဦးကိုကယ်တင်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ဆည်ပေါက်ချောင်းမှာ မျှောပါနေတဲ့ ကားပေါ်က လူ ၁၉ ဦးကိုကယ်တင်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ 

မနေ့ ဧပြီလ ၂၆ ရက် ညနေ ၅ နာရီခွဲခန့်မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျောက်ပန်းတောင်း -ပုပ္ပါးလမ်းမပေါ်ရှိ ဆည်ပေါက်ချောင်းရေလျှံခဲ့ပါတယ်။ ချောင်းရေလျှံချိန်မှာ ကား ၁ စီးဟာ ရေစီးနဲ့အတူမျှောပါခဲ့ပြီး ခရီးသည်တွေ ယာဉ်ပေါ်မှာ ပိတ်မိခဲ့ပါတယ်။ 

ကားပေါ်က အမျိုးသား(၅)ဦး ၊ အမျိုးသမီး(၁၁)ဦးနဲ့ ကလေး(၃)ဦးတို့ကို ညနေ ၆ နာရီခွဲခန့်မှာ ကျောက်ပန်းတောင်းမီးသတ်တပ်ဖွဲ့ဝင်တွေက  ကယ်ထုတ်နိုင်ခဲ့တယ်လို့သိရပါတယ်။

(Video)

https://web.facebook.com/reel/1332646952085503


#BaganNews 

#ကျောက်ပန်းတောင်း

#ဆည်ပေါက်ချောင်း

#မန္တလေးတိုင်း

#မြန်မာ 

#Myanmar 


Website  https://www.bagannews.org/

Telegram   https://t.me/bagannews

Comments