Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ခင်ဦးမြို့နယ်မှာ စစ်တပ်လေကြောင်းတိုက်ခိုက် အရပ်သား ၄ ဦးသေဆုံး

 စစ်ကိုင်းတိုင်း ၊ ခင်ဦးမြို့နယ် ရွာစဉ်ကျေးရွာတွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား (၄)ဦးသေဆုံး၍ အရပ်သားအချို့ အပြင်းအထန် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်သည်။ 


စစ်တပ်က မေလ ၂၁ ရက်နေ့ ည ၉ နာရီခန့်တွင် တံတားဦးတက် ဂျက်ဖိုက်တာ(၁)စီး၊ ရွှေဘို လေ့ကျင့်ရေး ၈ မှလွှတ်တင်သော Suicide Drone (၂)စီးတို့ဖြင့် လေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ 

သေဆုံးသူများသည် အမျိုးသား(၂)ဦး၊ အမျိုးသမီး (၂)ဦး စုစုပေါင်း (၄)ဦးဖြစ်သည်။ စစ်တပ်တိုက်ခိုက်မှုကြောင့် နေအိမ် (၂၀)ကျော်ခန့် မီးလာင်၊ ပျက်စီးခဲ့သည်။ မေလ ၂၀ ရက်တွင်လည်း စစ်တပ်၏ ရွှေဘို လေ့ကျင့်ရေး ၈ မှ လွှတ်တင်သော Suicide Drone (၂)စီးဖြင့် အရပ်သားများ၏ နေအိမ် အဆောက်အဦး ဆိုင်ခန်းများကို ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ခင်ဦးမြို့နယ်အတွင်းတွင် စစ်တပ်က စစ်ရေးပစ်မှတ်နှင့် အရပ်သားပစ်မှတ်များကို ခွဲခြားခြင်း လုံးဝ မပြုဘဲ လေကြောင်းတိုက်ခိုက်နေသည့်အတွက် ဗုံးခိုကျင်းများတူးဖော်ခြင်း၊ လေကြောင်းသတင်းပေး icon စက် (စကားပြောစက်)များ ကိုင်ဆောင်/ဖွင့်လှစ်၍ သတင်းရယူခြင်း၊ စစ်တပ်၏ လေကြောင်းများ တက်လာပါက ဗုံးခိုကျင်းများအတွင်း ဆင်းသက်၍ ကြိုတင် တိမ်းရှောင်ခြင်း အပြင် သတိကြီးစွာဖြင့် သွားလာ နေထိုင်ကြရန် ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်သည်။ 

Photo - ခင်ဦး ပအဖ 

- BAGAN NEWS 


Comments