Skip to main content

Latest News

မြစ်ဆုံစီမံကိန်း အပြီးဖျက်သိမ်းရန် ဆန္ဒပြ

 ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့နယ်ရှိ မြစ်ဆုံစီမံကိန်း အပြီးဖျက်သိမ်းရန် မြစ်ကြီးနားမြို့ရှိ တက္ကသိုလ်ကျောင်းသား၊ လူငယ်များက မေလ ၂၅ ရက်တွင်ဆန္ဒပြခဲ့ကြကြောင်း Kachin Human Rights Watch - KHRW မှသိရသည်။  အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရက မြစ်ဆုံ ရေကာတာစီမံကိန်း ပြန်လည်လုပ်ဆောင်ရန် ကြိုးပမ်းမှုကို ရပ်တန့်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။  အာဏာသိမ်းစစ်တပ်သည် မြစ်ဆုံစီမံကိန်း ပြန်လည်စတင်နိုင်ရန် ကော်မတီများ ဖွဲ့စည်းကာ ကချင်ပြည်နယ်ရှိ မြို့နယ်အသီသီးရှိ ဒေသခံပြည်သူများကို ခေါင်းစဉ် အမျိုးမျိုးဖြင့် အစည်းအဝေးဖိတ်ခေါ်၍ ဝါဒဖြန့်သည့် လူထုတွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်နေသည်။  “မြစ်ဆုံရေကာတာ စီမံကိန်း ပြန်လည်လုပ်ဆောင် နိုင်ရေး ကော်မတီတွေဖွဲ့စည်းပြီး လှုပ်ရှားနေတာတွေ မြင်နေရပါတယ်။ ကောင်းကျိုးထက် ဆိုးကျိုးကပိုများတဲ့ စီမံကိန်းဖြစ်လာနိုင်တာ ကြောင့် ကျနော်တို့ မြစ်ကြီးနားကိုရောက်ရှိနေတဲ့ တက္ကသိုလ်ကျောင်းသားတွေနဲ့ အတူ လူငယ်တွေ ပူပေါင်းပြီး ဒီရေကာတာကိုဆက်မလုပ်ဖို့ ကန့်ကွက်ရခြင်း ဖြစ်ပါတယ်” ဟုပါဝင်ခဲ့သည့် လူငယ်တစ်ဦးက ပြောသည်။ အဓိက ကန့်ကွက်ရသည့် အကြောင်...

မြစ်ဆုံစီမံကိန်း အပြီးဖျက်သိမ်းရန် ဆန္ဒပြ

 ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့နယ်ရှိ မြစ်ဆုံစီမံကိန်း အပြီးဖျက်သိမ်းရန် မြစ်ကြီးနားမြို့ရှိ တက္ကသိုလ်ကျောင်းသား၊ လူငယ်များက မေလ ၂၅ ရက်တွင်ဆန္ဒပြခဲ့ကြကြောင်း Kachin Human Rights Watch - KHRW မှသိရသည်။ 


အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရက မြစ်ဆုံ ရေကာတာစီမံကိန်း ပြန်လည်လုပ်ဆောင်ရန် ကြိုးပမ်းမှုကို ရပ်တန့်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 

အာဏာသိမ်းစစ်တပ်သည် မြစ်ဆုံစီမံကိန်း ပြန်လည်စတင်နိုင်ရန် ကော်မတီများ ဖွဲ့စည်းကာ ကချင်ပြည်နယ်ရှိ မြို့နယ်အသီသီးရှိ ဒေသခံပြည်သူများကို ခေါင်းစဉ် အမျိုးမျိုးဖြင့် အစည်းအဝေးဖိတ်ခေါ်၍ ဝါဒဖြန့်သည့် လူထုတွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်နေသည်။ 

“မြစ်ဆုံရေကာတာ စီမံကိန်း ပြန်လည်လုပ်ဆောင် နိုင်ရေး ကော်မတီတွေဖွဲ့စည်းပြီး လှုပ်ရှားနေတာတွေ မြင်နေရပါတယ်။ ကောင်းကျိုးထက် ဆိုးကျိုးကပိုများတဲ့ စီမံကိန်းဖြစ်လာနိုင်တာ ကြောင့် ကျနော်တို့ မြစ်ကြီးနားကိုရောက်ရှိနေတဲ့ တက္ကသိုလ်ကျောင်းသားတွေနဲ့ အတူ လူငယ်တွေ ပူပေါင်းပြီး ဒီရေကာတာကိုဆက်မလုပ်ဖို့ ကန့်ကွက်ရခြင်း ဖြစ်ပါတယ်” ဟုပါဝင်ခဲ့သည့် လူငယ်တစ်ဦးက ပြောသည်။

အဓိက ကန့်ကွက်ရသည့် အကြောင်းရင်းမှာ မြစ်ဆုံဒေသသည် အမှတ်သင်္ကေတ တစ်ခုဖြစ်သကဲ့သို့ မြန်မာနိုင်ငံတစ်နိုင်ငံလုံး၏ အသက်သွေးကြောတစ်ခုလည်းဖြစ်သည်။ မြစ်ဆုံရေကာတာ တည်ဆောက်လိုက်ခြင်းကြောင့် နောက်ဆက်တွဲ ဆိုးကျိုးများစွာ ဖြစ်ပေါ်လာမည်ဖြစ်ပြီး  လူမှုရေးအရဆိုးကျိုးများအပြင် နိုင်ငံရေးနဲ့ စီးပွားရေးအရ ဆိုးကျိုး အများကြီးရှိလာမည်ဖြစ်ကြောင်း တက္ကသိုလ်ကျောင်းသား၊ လူငယ်များကဆိုသည်။ 

ထိုဆိုးကျိုးများကို မြန်မာနိုင်ငံသူ နိုင်ငံသားများ၊ အထူးသဖြင့် ကချင်ပြည်နယ်ရှိ ဒေသခံပြည်သူများက အများဆုံး ခံစားရမှာဖြစ်သောကြောင့် ကန့်ကွက်ရခြင်းဖြစ်ကြောင်း မြစ်ကြီးနားမြို့သူတစ်ဦးကပြောသည်။ 

“မြစ်ဆုံစီမံကိန်း အကောင်အထည်ဖော်ခြင်းအကြောင့် နောက်ဆက်တွဲအဖြစ် ရေကြီးရေလျှံမှုအန္တရာယ်တွေ ဖြစ်လာနိုင်သလို ကျမတို့ ကချင်ဒေသခံ ပြည်သူ တွေသာမက မြန်မာနိုင်ငံတစ်နိုင်ငံလုံးအတွက်ပါ ကောင်းကျိုး ရှိမှာမဟုတ်ဘူး”။

ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့၏ ဒါရိုက်တာ ဆိုင်းမိုင်ကလည်း

“လတ်တလောကချင်မှာ စစ်ရေးအရှိန်မြှင့်ဖို့ လက်နက်တွေ၊ စစ်ယာဉ်တန်းတွေ ပိုပို့မြှင့်တင်ပို့ဆောင်နေတာတွေ့ရတယ်။ အဲတာတွေက မြစ်ဆုံ စီမံကိန်းပြန်စ နိုင်ဖို့နဲ့၊ ပိုးလမ်းမကြီးရှိတဲ့နေရာ၊ သဘာဝ သယံဇာတတူးဖော်တဲ့ နေရာတွေကို ဦးတည်နေကြတယ်”ဟုပြောသည်။

အဆိုပါနယ်မြေများသည် စစ်တပ်က ဧပြီလ၊ ၂၃ ရက်နေ့တွင် ထုတ်ပြန်လိုက်သည့် အရေးပေါ် အခြေအနေကြေညာထားသော မြို့နယ်စာရန်းများတွင်ပါဝင်သည်။ 

ယခုအချိန်တွင် သိန်းနှင့်ချီသော ပြည်သူများသည် နယ်ရပ်ကိုစွန့်ခွာ၍ စစ်ပြေး ရှောင်ဘဝရောက်ရှိနေချိန်ဖြစ်ပြီး စစ်ပွဲများကြောင့် ကျီးလန့်စာ လုပ်ကိုင်စားသောက်နေရချိန်တွင် ယင်းတို့ အတင်းအကြပ် စုဆောင်း၍ ထောက်ခံမှုရယူခြင်းများ၊ ခြိမ်းခြောက်မှုများသည် လူ့အခွင့်အရေး ချိုးဖောက်နေခြင်းဖြစ်ကြောင်း KHRW အဖွဲ့ကထုတ်ပြန်သည်။ 

ဧရာဝတီမြစ်ဆုံစီမံကိန်းကြောင့် ဖြစ်ပေါ်လာသည့် လူ့အခွင့်အရေး ချိုးဖောက်မှု များနှင့် ဆိုးကျိုးများ၊ နောက်ဆက်တွဲပြဿနာများကို ဖော်ထုတ်သွာမည်ဖြစ်ကြောင်း KHRW အဖွဲ့ကဆိုသည်။ 

Photo - KHRW


- BAGAN NEWS 

Comments