မကွေးတိုင်း ၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် ကျေးရွာတွေအတွင်းမှာ စစ်ကောင်စီတပ်က မွှေနှောက်ခြင်း၊ စီးနင်းခြင်းတွေ ပြုလုပ်နေပါတယ်။
မနေ့က ရေထွက်ကြီးကနေ ညောင်ရေတည်းရွာကို ရောက်ရှိနေတဲ့ စစ်တပ်စစ်ကြောင်းဟာဒီနေ့ မနက် (၁၁)နာရီခန့်မှာ ပေါက်မြို့နယ် ထောက်ရှာပင်ကျေးရွာကို ရောက်ရှိနေတယ်လို့ အညာမြေတပ်ပေါင်းစုက အသိပေးပါတယ်။
စစ်တပ်ဟာ ထောက်ရှာပင်ကျေးရွာအတွင်း မွှေနှောက်ခြင်း၊ စီးနင်းခြင်းတွေ ပြုလုပ်နေတယ်လို့သိရပါတယ်။ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ အနည်းဆုံး ငါးရွာထက်မနည်း ဘေးလွတ်ရာကိုတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်တပ်စစ်ကြောင်းဟာ ပေါက်မြို့နယ် ရေပြာကို ဦးတည်နိုင်ပေမယ့် မြိုင်နယ်ဘက်ကိုလည်း ဦးတည်လာနိုင်တာကြောင့် ပြည်သူတွေ လေကြောင်းနဲ့ မြေပြင်စစ်ကြောင်းရန်ကို အထူးသတိပြုကြဖို့ အညာမြေတပ်ပေါင်းစု ကသတိပေးထားပါတယ်။
ဓာတ်ပုံ - စစ်ဘေးရှောင် (ပုံဟောင်း)

Comments
Post a Comment