Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

စစ်မှုထမ်းဥပဒေ ဆက်လုပ်မည်ဟု မင်းအောင်လှိုင်ပြော

ပြည်သူ့စစ်မှုထမ်းဥပဒေကို ဆက်လက် အကောင်အထည်ဖော်မည်ဟု အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်က  ပြောကြားသည်။ 

၎င်းက အာဏာသိမ်း စစ်အစိုးရ၏ ရက် ၁၀၀ ပြည့် မိန့်ခွန်းကို စစ်တပ်၏ ပြည်ထောင်စုလွှတ်တော်တွင် ယနေ့ (ဇူလိုင် ၃၁ ရက်) ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ဓာတ်ပုံ - ဇူလိုင် ၂၉ ရက်၌ဖွင့်လှစ်ခဲ့သည့် စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၆)။ 

“နိုင်ငံတော်မှာ ရိုသေခန့်ညားလောက်တဲ့ ကာကွယ်ရေးစွမ်းပကားနဲ့ လုံခြုံရေး စွမ်းပကား ရရှိစေရေးအတွက် ၂၀၂၄ခုနစ် ဖေဖော်ဝါရီလ  ၁၀ ရက်နေ့မှာ အသက်သွင်းကာ အာဏာတည်စေခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ဆက်လက် အကောင်အထည်ဖော် ကျင့်သုံးသွားမှာ ဖြစ်ပါတယ်”ဟု  အာဏာသိမ်း သမ္မတက ဆိုသည်။ 

ထို့ပြင်ပြည်တွင်းလုံခြုံရေးအတွက် စစ်တပ်သည် ရဲတပ်ဖွဲနှင့် ပူးပေါင်းပြီး ဆောင်ရွက်

နေကြောင်း၎င်းကပြောကြားသည်။ 

စစ်တပ်က စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်၏ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နိုင်ရန်ဟုဆိုကာ  ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင်အတည်ပြုခဲ့သည်။ 

လက်ရှိတွင် တနိုင်ငံလုံး၌ စစ်တပ်က လူငယ်များအား စစ်မှုထမ်းရန်အတွက် အဓမ္မပေါ်တာဆွဲဖမ်းဆီးမှုများနေ့စဉ် ပြုလုပ်နေသည်။ စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၆)ကိုလည်း သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်နယ်မြေများတွင် ယမန်နေ့ ၊ ဇူလိုင် ၂၉ ရက်၌ဖွင့်လှစ်ခဲ့သည်။  

- BAGAN NEWS 


Comments