မြန်မာ နိုင်ငံတဝန်းမှာ စစ်အုပ်စုကြောင့် ပြီးခဲ့တဲ့ ဇူလိုင်လ တလတာအတွင်း ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ ပြည်သူစုစုပေါင်း (၇၄) ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)ကဒီကနေ့ ထုတ်ပြန်ပါတယ်။
![]() |
| ဓာတ်ပုံ - မြိုင်မြို့နယ်ရှိ စစ်ဘေးရှောင်များ။ |
နိုင်ငံရေးအရ ဖမ်းဆီးချုပ်နှောင်ခံရသူ (၈) ဦးလည်းရှိခဲ့ပြီး ဖမ်းဆီးခံရပြီးနောက် အကြောင်းအမျိုးမျိုးနဲ့ သေဆုံးခဲ့ရသူ စုစုပေါင်း (၃၂) ဦးလည်း ပါဝင်ခဲ့တယ်လို့သိရပါတယ်။
ဒီအရေအတွက်ဟာ လက်လှမ်းမီသမျှကောက်ယူထားတုဲ့ အရေအတွက်ဖြစ်ပြီး မြေပြင်မှာ ပိုများနိုင်တယ်လို့ အေအေပီပီကပြောပါတယ်။
“စစ်အုပ်စုဟာ တဖက်က အာဆီယံရဲ့ တရားဝင်မှုကို ရရှိဖို့ ကြိုးစားနေသလို တဖက်မှာလည်း ပြည်သူတွေကို နေ့စဉ်ရက်ဆက် သတ်ဖြတ်နေတာလည်း ဖြစ်နေပါတယ်။ တချိန်ထဲမှာလည်း အဲဒီသတ်ဖြတ်နေခြင်းတွေကို အာဆီယံအပါအဝင် နိုင်ငံတကာက သိရှိအောင် အရပ်ဖက်အဖွဲ့အစည်းများ နဲ့ ဒီမိုကရေစီအင်အားစုများက လုပ်ဆောင်နိုင်ခဲ့ပြီး စစ်အုပ်စုရဲ့တရားဝင်မှုမရအောင် ယာယီရပ်တန့်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျနော်တို့ ညီညီညွတ်ညွတ်နဲ့ ဆက်ပြီး ကြိုးစားကြရမှာပါ” လို့အေအေပီပီ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်ကပြောပါတယ်။
ဇူလိုင်လ တလအတွင်း သေဆုံးခဲ့သူ (၅၂) ဦး ဝန်းကျင်ကိုလည်း သီးခြားကောက်ယူထားပြီး အတည်ပြုဖို့ လုပ်ဆောင်နေတယ်လို့ အေအေပီပီကထုတ်ပြန်ပါတယ်။

Comments
Post a Comment