Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ခဲ့ကြောင်း ICRC အတည်ပြု

 အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (အိုင်စီအာရ်စီ)က ကိုယ်စားလှယ်တစ်ဦးသည် ယနေ့၊ သြဂုတ်လ ၃ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်ထံသို့ သွားရောက်တွေ့ဆုံခဲ့ကြောင်း ICRC ကထုတ်ပြန်သည်။ 

ယင်းတွေ့ဆုံမှုကို လွတ်လပ်ခွင့်ဆုံးရှုံးနေသူများထံသို့ သွားရောက်တွေ့ဆုံလည်ပတ်ခြင်းဆိုင်ရာ အိုင်စီအာရ်စီ၏ စံနှုန်းများ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းဖော်ပြသည်။

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာ နိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ်ဖြစ်သူ Mr. Arnaude de Baqque က ယနေ့ နံနက်ပိုင်းတွင် လာရောက် တွေ့ဆုံခဲ့ကြောင်းစစ်တပ်ပြန်ကြားရေးရုပ်သံက ယနေ့နံနက်တွင်ထုတ်ပြန်ခဲ့သည်။

- BAGAN NEWS 


Comments