မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူရွာသို့ လာရောက်သော စစ်တပ်၏ Mi-17 စစ်ရဟတ်ယာဉ်ကို FPV ဒရုန်းဖြင့် တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့သည့် ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့တာဝန်ခံ ရဲဘော် ကိုချမ်း ဦးဆောင်သော ရဲဘော် (၇) ဦးအား ဂုဏ်ပြုဆုငွေ (သိန်း ၁ သောင်းကျပ်)နှင့် ဂုဏ်ပြုလက်မှတ်ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ ၊စက်တင်ဘာလ ၂၀ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရနှင့် ကြားကာလ မကွေးဖက်ဒရယ်ယူနစ် အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပခဲ့ပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဝင်များ၊ ကြားကာလမကွေးဖက်ဒရယ်ယူနစ်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်များ၊ တခြားသော တော်လှန်ရေးအဖွဲ့များ စုပေါင်းညီညွတ်မှု စွမ်းအားဖြင့် စစ်တပ်၏ Mi-17 စစ်ရဟတ်ယာဉ်ကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း NUG ကသတင်းထုတ်သည်။

Comments
Post a Comment