Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

တောင်ပိုင်းစစ်ဒေသ ရှေ့တန်းနယ်မြေများသို့ NUG ဝန်ကြီးချုပ် သွားရောက်

 တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃၊ PDF တပ်ရင်း စစ်ကြောင်းများ ရှေ့တန်းနယ်မြေများနှင့် PDF သင်တန်းကျောင်းများရှိ ရာနေရာများသို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် ဝန်ကြီးချုပ်ရုံးတာဝန်ရှိသူများသွားရောက်ခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသမှသတင်းထုတ်ပြန်သည်။ 

ဓာတ်ပုံ - တောင်ပိုင်းစစ်ဒေသ

ရှေ့တန်းနယ်မြေများနှင့် PDF သင်တန်းကျောင်းများရှိ ရဲဘော်များအား NUG ဝန်ကြီးချုပ်မှ လက်ရှိ စစ်ရေးနိုင်ငံရေးအခြေအနေများကို အကျဉ်းချုပ်ရှင်းလင်းပြောကြားကာ လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများ‌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

ယခုခရီးစဉ်တွင် NUG ဝန်ကြီးချုပ် နှင့်အတူ အလုပ်သမားရေးရာဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်နီ၊ ဝန်ကြီးချုပ်၏ကိုယ်ရေးအရာရှိ ကိုနောင်ရိုး၊ ဝန်ကြီးချုပ်ရုံးအမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာ၊ ဝန်ကြီးချုပ်ရုံးပြောရေး ဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်၊ အမျိုးသားညီညွတ် ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ဒုစစ်ရေးချုပ် ဒေါက်တာယင်းမာ၊ တောင်ပိုင်းစစ်ဒေသ၊ ဒုစစ်ဒေသမှူး(၂) ရဲဘော်စောရှား၊ ရန်ကုန်ပကဖတာဝန် ခံ၊ မွန်ပကဖတာဝန်ခံ တို လိုက်ပါခဲ့ကြကြောင်း တောင်ပိုင်းစစ်ဒေသမှထုတ်ပြန်သည်။

NUG ၏ တောင်ပိုင်းစစ်ဒေသနယ်မြေတွင် ကရင်ပြည်နယ်၊မွန်ပြည်နယ်နှင့် ပဲခူးတိုင်းတို့ပါဝင်သည်။ 

Bagan News 


Comments