လက်ရှိတော်လှန်ရေးကို တဆင့်တက်၍ အသွင်ကူးပြောင်းမှုကာလ အစီအမံများ ကို အတည်ပြုပြီး အသွင်ကူးပြောင်းရေး အစိုးရတရပ်အောင်မြင်စွာဖွဲ့စည်းနိုင်ရန်၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ်များကို လက်တွေ့အကောင်အထည်ဖော်နိုင်စေရန် ၊ စစ်ရေး၊ နိုင်ငံရေး၊ ဖက်ဒရယ်ရေးနှင့် အင်စတီကျူးရှင်းဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းဦးဆောင်လမ်းညွှန်အကောင်အထည်ဖော်ဆောင်နိုင်ရန် အတွက် "ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင် ကောင်စီကိုဖွဲ့စည်းလိုက်ကြောင်း NUG ကထုတ်ပြန်သည်။ ၎င်းကော်မတီကို မတ်လ ၃၀ ရက်နေ့တွင်အွန်လိုင်းမှတဆင့် ကနဦး ဖွဲ့စည်းခဲ့ကြောင်းသိရသည်။ ဖွဲ့စည်းခြင်းအခမ်းအနားသို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဂမ်ရှောင် ၊ ကေအိုင်စီ ဒုဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီး ဂွန်မော် နဲ့ ဗဟိုကော်မတီဝင်များ၊ ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ဖဒိုစောကွယ်ထူးဝင်း၊ ဒုဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ချင်းအမျိုးသားတပ်ဦး (CNF) ဥက္ကဋ္ဌ ပူးဇင်ကျုံး နဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင်များ၊ ကရင်နီ ဥက္ကဋ္ဌ ခူဦးရယ်၊ KSCC, IEC , KNPP ခေါင်းဆောင်များနှင့် အဖွဲ့ဝ...
"အသက်ရှင်ကျန်နေရက်နဲ့ ဘာလို့အရှုံးပေးမှာလဲ" ဝေဟင်ဒရုန်း အမျိုးသမီး စစ်သည်တော်(သို့) ကျားခင်စိန်။ မန္တလေး တက္ကသိုလ်ကျောင်းသူဖြစ်ခဲ့ဖူးတဲ့ ကျားခင်စိန်ဟာ စစ်တပ်အာဏာသိမ်းခဲ့တဲ့နောက်ပိုင်းမှာ တော်လှန်ရေးထဲကိုဝင်ရောက်ခဲ့ပါတယ်။ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် အခြေစိုက်တပ်ဖွဲ့တစ်ခုမှာ စစ်သင်တန်းတက်ရောက်ခဲ့ပါတယ်။ ဒရုန်းတိုက်ခိုက်ရေးပညာတွေသင်ခဲ့ပြီး အမျိုးသမီး ဒရုန်းတပ်ဖွဲ့ကိုဦးဆောင်ခဲ့ပါတယ်။ မန္တလေး - မုံရွာ လမ်းတလျှောက်မှာ စစ်အုပ်စုကို ဒရုန်းသုံးပြီး လက်စွမ်းပြ တိုက်ခိုက်ခဲ့သူအဖြစ် ကျားခင်းစိန်ဟာ လူသိများခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ မြောင်ဒရုန်းတပ်ဖွဲ့ MDF ကို ၂ဝ၂၃ ခုနှစ်မှာ ထပ်မံတည်ထောင် ဦးဆောင်ပြီး တော်လှန်ရေးမှာဆက်လက်ပါဝင်နေပါတယ်။ ကျားခင်စိန် ဦးဆောင်တဲ့ MDF ဒရုန်း အဖွဲ့ဟာ မြောင်မြို့မှာ အခြေစိုက်ပီး တော်လှန်ရေး အောင်မြင်ရေးအတွက် ကြိုးစားနေတဲ့အဖွဲ့ဖြစ်ပါတယ်။ တိုက်ပွဲ Mission တွေကိုမဟာမိတ်အဖွဲ့တွေလည်း ပူးပေါင်းဆောင်ရွက်နေပြီး စစ်ကြောင်းဖြတ်တောက်ရေးနဲ့ စခန်းသိမ်းပွဲတွေအထိ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ စစ်ကောင်စီတပ်တွေကို ပိုမိုတိုက်ခိုင်နိုင်ဖို့ Hazard drone ဝယ်ယူဖို့အကူအညီလိ...