Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ရခိုင် အမ်းမြို့နယ်ရှိ စစ်ကောင်စီစခန်း ၁ဝ ခုကို AA သိမ်းပိုက် စစ်ကောင်စီ စစ်ကြောင်းလိုက်ပြုတ်ပြီး ၂၂ဝ ကျော်သေဆုံး

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ ရခိုင်ပြည်နယ် အမ်းမြို့နယ်ရှိစစ်ကောင်စီတပ်၏ စခန်း ၁ဝ ခုအား တိုက်ခိုက်သိမ်းပိုက်ထားပြီး အမ်းမြို့၏ နောက်ဆုံးလက်ကျန် နပခ တိုင်းစစ်ဌာနချုပ်အား အပြီးသတ် သိမ်းပိုက်ရရှိရေး ဆက်လက် ထိုးစစ်ဆင်နေကြောင်း အာရက္ခတပ်တော် AA ကထုတ်ပြန်သည်။


နပခ-အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တစ်ခုမှလွဲပြီး

 (၁) ဆလအခွဲ (၉၄၆) - အမှတ် (၉၄၆) ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ

(၂) ခမရ (၃၇၁) - အမှတ် (၃၇၁) ခြေမြန်တပ်ရင်း

(၃) ခမရ (၃၇၂) - အမှတ် (၃၇၂) ခြေမြန်တပ်ရင်း

(၄) လလစ (၇၅၇/၂) - အမှတ် (၇၅၇/၂) လျှပ်စစ်အလုပ်ရုံတပ်ခွဲ

(၅) ထပခ (၉၂၆) - အမှတ် (၉၂၆) ထောက်ပံ့နှင့်ပိုဆောင်ရေးတပ်ခွဲ

(၆) ဆသလ (၉) - အမှတ် (၉) ဆက်သွယ်ရေးလုံခြုံမှုတပ်ရင်း

(၇) အဆရ (၈) - အမှတ် (၈) အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း

(၈) တထခ (၁၀) - အမှတ် (၁၀) တပ်ထိန်းတပ်ခွဲ

(၉) စအရ (၉၁၉) - အမှတ် (၉၁၉) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း

(၁၀) လေဆိပ်အနီး၊ အတွင်း၊ ပတ်ဝန်းကျင်များမှ ခုခံတိုက်ခိုက်နေသော ရန်သူ့စခန်းငယ်များ အားသိမ်းပိုက်ထားကြောင်း AA ကထုတ်ပြန်သည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်အခြေစိုက်ရာ အမ်းမြို့နယ်တွင် စစ်ကောင်စီမှဗျူဟာဌာနချုပ်များ၊ ကာကင်းစခန်း ကြီး၊ စခန်းငယ်၊ တပ်ရင်းဌာနချုပ်များ၊ တပ်ခွဲအသီးသီးအပါအဝင် တပ်စွဲစခန်းနေရာ (၃ဝ) ကျော်ရှိသည်။ 

ဌင်းစခန်းများအားလုံးအနက် အမ်းမြို့၏ နောက်ဆုံးလက်ကျန် နပခ တိုင်းစစ်ဌာနချုပ်သာ ကျန်ရှိတော့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

အမ်းမြို့သို့ စစ်ကူပေးရန်တက်လာသည့် တပ်မ (၈၈) လက်အောက်ခံ၊ ခမရ (၃၁၇)၊ ခမရ (၄၁၅)၊ ခမရ (၄၁၆) စသည့် တပ်ရင်းသုံးရင်းဖြင့် စုပေါင်းထားပြီး အင်အား (၁၃၀) ခန့် ပါဝင်သည့် စစ်ကြောင်းအား နိုဝင်ဘာလ (၂၈) ရက်၊ နံနက် တွင် အမ်းမြို၏ မြောက်ဘက်၊ ရိုးတောင်၏လမ်းမထက် တစ်နေရာ၌ AA မှ စတင်ဖြတ်တောက် တိုက်ခိုက်ခဲ့သည်။ 

သုံးရက်နီးပါး ဖြတ်တောက်ပိတ်ဆို တိုက်ခိုက်မှုအပြီး၊ နိုဝင်ဘာလ (၃၀) ရက်၊ တွင်အလောင်း စုစုပေါင်း (၁၀၀) ကျော်၊ လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရမိခဲ့ပြီး စစ်သုံပန်းအချိုကိုလည်း လက်ရဖမ်းဆီးရမိခဲ့ကြောင်း AA ကထုတ်ပြန်သည်။

ထိုအတူ ဂွမြို့နယ် တွင်လည်း စစ်ကူတက်လာသော စစ်ကောင်စီ စစ်ကြောင်းတစ်ခုကို  သံခဲချိုင်ကျေးရွာ၊ သံခဲချိုင်ကျေးရွာကမ်းခြေအနီး နှင့် သံခဲချိုင်ကျေးရွာနှင့် ကင်းပုံကျေးရွာအကြား စသည့်နေရာများ၌ နိုဝင်ဘာလ (၂၄) ရက်မှ စတင်ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ အလောင်း (၁၂၀) ကျော်၊ စစ်သုံပန်းအချို နှင့် လက်နက်ခဲယမ်း၊ စစ်အသုံး အဆောင်ပစ္စည်းများ ရရှိခဲ့ကြောင်း  AA ကထုတ်ပြန်သည်။

ဌင်းစစ်ကြောင်းတွင် အင်အား (၁၈၄) ယောက် ပါဝင်ပြီး ဟင်္သာတမြို့အခြေစိုက် ခလရ (၁၈) တပ်ရင်း၊ မအူပင်မြို့အခြေစိုက် ခလရ (၅၁) တပ်ရင်း၊ အိမ်မဲမြို့အခြေစိုက် ခလရ (၆၃) တပ်ရင်း နှင့် ရန်ကုန်၊ လှိင်သာယာအခြေစိုက် ခမရ (၅၃၂) တပ်ရင်းတို ဖြစ်ကာ တပ်ရင်း (၅) ရင်းစုပေါင်းထားသော စစ်ကြောင်းတစ်ခုလည်းဖြစ်ကြောင်း သိရသည်။ 

စစ်ကောင်စီတပ်သည် ရခိုင်ဒေသတွင် မြေပြင်စစ်ကြောင်းများအပြင်လေကြောင်း၊ ရေကြောင်း၊ Suicide Drone မောင်းသူမဲ့ အသေခံဒရုန်းများကိုအသုံးပြု၍ တိုက်ခိုက်နေကြောင်း AA ကထုတ်ပြန်သည်။

ယမန်နေ့ ဒီဇင်ဘာလ (၆) ရက်နေ့တွင်လည်း အမ်း၊ တောင်ကုတ်၊ ဂွ နှင့် မောင်တောမြို့များရှိ  စစ်ကောင်စီ၏ လက်ကျန်စခန်းများကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသောကြောင့် တိုက်ပွဲများ ပြင်းထန်နေကြောင်း ၊ ထိုးစစ်များအတွင်း ပေးဆပ်စွန့်လွှတ်ခဲ့သော အာရက္ခစစ်သည်တော်များအား လေးနက်စွာမှတ်တမ်းတင်ဂုဏ်ပြုကြောင်း AA ကထုတ်ပြန်သည်။ 

ဓာတ်ပုံ - အမ်းမြို့နယ်အား သိမ်းပိုက်ထားသည့် AA တပ်ဖွဲ့ဝင်များ။ Photo - AA 

Bagan News 

Comments