Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

မောင်တောမြို့ အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ-၅) စခန်းကို AA အပြီးသတ်သိမ်းပိုက် စစ်ကောင်စီတပ်သား ၄၅ဝ ကျော်သေဆုံး

ရခိုင်ပြည်နယ်၊ မောင်တောမြို့၏ အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ-၅) စခန်းကို မှ အပြီးသတ်သိမ်းပိုက်ပြီး မောင်တောဒေသတစ်ခုလုံးအား အလုံးစုံထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း အာရက္ခတပ်တော် AA ကသတင်းထုတ် ပြန်သည်။

အမှတ် (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ (နခခ-၅) စခန်းကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်နေ့၊ နံနက် (၉) နာရီ (၃ဝ) မိနစ်အချိန်၌သိမ်းပိုက်ခဲ့ပြီးနခခ-၅ စခန်းတိုက်ပွဲအတွင်း သိမ်းဆည်းရမိသော အလောင်းများစာရင်းအရ စစ်ကောင်စီတပ်သား (၄၅၀) အထက် သေဆုံးခဲ့ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြသည်။ 


ဌင်းပြင် ဘူးသီးတောင်မြို့၊ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း၊ ကြည်း/ ၂၆၈၉ရ ၊ စကခမှူး ကိုယ်ရေးအရာရှိ ဗိုလ်ကြီး ဝေလင်းအောင်၊ ကြည်း/၆၁၃၃၅ (တတိယတန်း ဦးစီးအရာရှိ) အပါအဝင် အရာရှိ၊ အကြပ်၊ စစ်သည်အမြောက်အမြားတို နှင့် RSO၊ ARSA၊ ARA နှင့်  စစ်ကောင်စီမှ သင်တန်းပေးထားသည့် အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွ လက်နက်ကိုင်တပ်ဖွဲ့ဝင်များအား သုံ့ပန်းများအဖြစ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့အပြင် လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့ပြီး နခခ (၅) ထဲမှ ထွက်ပြေး လွတ်မြောက်နေသော အချို့အား  လိုက်လံရှာဖွေလျက် ရှိကြောင်းသိရသည်။


နခခ (၅) စခန်းအား အပြီးသတ်သိမ်းပိုက်ရရှိနိုင်ရေး ပြင်းထန်သည့် ထိုးစစ်များအတွင်း  AA ဘက်မှလည်း ကျဆုံးသူများရှိခဲ့ပြီး စစ်သည်တော်များအား လေးနက်စွာမှတ်တမ်းတင် ဂုဏ်ပြုအပ်ကြောင်း AA ကထုတ်ပြန်သည်။ 

နခခ (၅) စခန်းသည် မောင်တောမြို့၏ မြို့သူကြီးရပ်ကွက်တွင်တည်ရှိပြီး အင်အား (၇၀၀) ကျော် စခန်းချတပ်စွဲထားသော စခန်းကြီးတစ်ခုဖြစ်သည်။ 

စခန်းပတ်ပတ်လည်အား သံဆူးကြိုး (၂) ထပ်ဖြင့် ကာရံထားပြီး တစ်ခုနှင့်တစ်ခုအကြားတွင် သတ်ကွင်းများကို ကောင်းစွာပြင်ဆင်ထားကြောင်း၊ အချို့နေရာများ၌ ပေ (၂၀) ခန့်ကျယ်သော ရေမြောင်းများကို ဖောက်လုပ်ထားပြီး စူးချွန်များ ထောင်ထားကြောင်း၊ ထောင့်မှန်စတုဂံ ပတ်လည်ပုံစံရှိပြီး လေးဖက်လေးတန်တွင် အခိုင်အမာ တည်ဆောက်ထားသော ဘန်ကာ (၂၀)ကျော်၊ ဘန်ကာအသေး၊ Overhead စုစုပေါင်း (၁၀၀) ကျော်ရှိကာ စခန်းအတွင်း၌ ခိုင်ခံ့ထူထပ်သော အဆောက်အအုံကြီး (၃၀) ကျော်လည်း ပါဝင်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

ဌင်းစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီထောင်ထားသော M14 မိုင်း ပေါင်း (၁၀၀၀) ကျော်ကို ရှင်းလင်းရရှိခဲ့ကြောင်း၊ AA မှမိုင်းရှင်းလင်းရေးစစ်သည်တော်အချိုလည်း အသက်နှင့်ကိုယ်လက်အင်္ဂါတို့ကို စွန့်လွှတ်ပေးဆပ်ခဲ့ရကြောင်းသိရသည်။

နခခ (၅) စခန်းအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက်နေ့တွင်မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိုးစစ်ရက်ပေါင်း (၅၅) ရက် ခန့်ကြာမြင့်ခဲ့ကြောင်း၊ နခခ (၅) ထိုးစစ်ကာလအတွင်း  တပ်မဟာအချင်းချင်း ဟန်ချက်ညီ ပူးပေါင်းထိုးစစ် ဆင်နိုင်ခဲ့ကြောင်း အာရက္ခတပ်တော် AA ကသတင်းထုတ် ပြန်သည်။

ဓာတ်ပုံ - မောင်တောမြို့  အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ-၅) စခန်းသိမ်းမြင်ကွင်း။ (Photo - AA )

Bagan News 

Comments