မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။ အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။ မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။ ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့် တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်)၊ ABSDF ၏ အခြေခံစစ်ပညာသင်တန်း ( ၂/၂၀၂၄ ) ၊ သင်တန်းအပတ်စဉ် (၈)သင်တန်းဆင်းပွဲ အခမ်းအနားကို နိုဝင်ဘာလ ၃ဝ ရက်နေ့၌ အမှတ်၂ စစ်ကြောင်းတွင် ပြုလုပ်ခဲ့သည်။။
![]() |
| Photo - ABSDF |
ဌင်းသင်တန်းကာလသည် ၄ လ ကြာခဲ့ပြီး ကျောင်းသားတပ်မတော် တပ်ဖွဲ့ဝင် ရဲဘော် ၁၄ဝ ဦး၊ မဟာမိတ် PDF မှ ၆ ဦးနှင့် ပ.က.ဖ မှ ၁ ဦး စုစုပေါင်း (၁၄၇)ဦး မှ သင်တန်းဆင်းခဲ့ကြပြီး တပ်ဖွဲ့ဝင် အလံကိုင်သစ္စာ ဆိုခဲ့ကြသည်။
သင်တန်းဆင်းပွဲကို ABSDF တပ်ဖွဲ့ဝင်များ ၊ မဟာမိတ်မိုးမိတ်ခရိုင် KIO၊ KIA မှ တာဝန်ရှိလူကြီးများ၊ BPLA မှ ဗျူဟာမှူး၊ KPDF အဖွဲ့၊ အမှတ် ၅၁၅ PDF အဖွဲ့နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


Comments
Post a Comment