ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။ ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။ အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။ - BAGAN NEWS
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်)၊ ABSDF ၏ အခြေခံစစ်ပညာသင်တန်း ( ၂/၂၀၂၄ ) ၊ သင်တန်းအပတ်စဉ် (၈)သင်တန်းဆင်းပွဲ အခမ်းအနားကို နိုဝင်ဘာလ ၃ဝ ရက်နေ့၌ အမှတ်၂ စစ်ကြောင်းတွင် ပြုလုပ်ခဲ့သည်။။
![]() |
| Photo - ABSDF |
ဌင်းသင်တန်းကာလသည် ၄ လ ကြာခဲ့ပြီး ကျောင်းသားတပ်မတော် တပ်ဖွဲ့ဝင် ရဲဘော် ၁၄ဝ ဦး၊ မဟာမိတ် PDF မှ ၆ ဦးနှင့် ပ.က.ဖ မှ ၁ ဦး စုစုပေါင်း (၁၄၇)ဦး မှ သင်တန်းဆင်းခဲ့ကြပြီး တပ်ဖွဲ့ဝင် အလံကိုင်သစ္စာ ဆိုခဲ့ကြသည်။
သင်တန်းဆင်းပွဲကို ABSDF တပ်ဖွဲ့ဝင်များ ၊ မဟာမိတ်မိုးမိတ်ခရိုင် KIO၊ KIA မှ တာဝန်ရှိလူကြီးများ၊ BPLA မှ ဗျူဟာမှူး၊ KPDF အဖွဲ့၊ အမှတ် ၅၁၅ PDF အဖွဲ့နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


Comments
Post a Comment