Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ကရင်နီတွင် စစ်တပ်အာဏာသိမ်းပြီးနောက် အရပ်သား ၅၃၂ ဦး သတ်ဖြတ်ခံရ စစ်ရှောင် ၁၇ဝ ဦးသေဆုံး

ကရင်နီပြည်နယ်(ကယား)တွင် စစ်တပ်အာဏာသိမ်းခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့မှ ၂ဝ၂၄ခုနှစ်၊ နိုဝင်ဘာလ ( ၃ဝ )ရက်နေ့အထိ အရပ်သား ၅၃၂ ဦး သတ်ဖြတ်ခံရကာ စစ်ရှောင်ရင်း ၁၇ဝ ဦးသေဆုံးခဲ့ကြောင်းတိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF) မှထုတ်ပြန်သည်။ 

ထုတ်ပြန်ချက်အရ ကရင်နီပြည်နယ်တွင် ဌင်းကာလတွင်း တိုက်ပွဲအကြိမ်အရေ (၁၂၃၅) ကြိမ်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲများအတွင်း KNDF/PDF/KA တပ်ဖွဲ့များမှ ကျဆုံးသူ (၆၇၂) ဦးရှိခဲ့ည်။ 


စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု  (၁၇၄၆)ကြိမ်ပြုလုပ်ခဲ့ပြီး  ဘာသာရေးအဆောက်အုံ(၅၄)လုံးပျက်စီးပြီး နေအိမ် (၂၇၈၄) လုံးပျက်စီးခဲ့သည်။

ထို့ပြင် စစ်ကောင်စီ၏ မတရားဖမ်းဆီးခံရသူ (၁၆ဝ) ဦးရှိခဲ့သည်။

ဌင်းပြင် စစ်ကောင်စီတိုက်ခိုက်မှုကြောင့် ဆေးရုံ၊ဆေးခန်း(၁၆)လုံး၊စာသင် ကျောင်း(၂၆)လုံးရှိခဲ့သည်။ 

ဌင်းကာလတိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ သေဆုံးသူ  (၃၅၈ဝ) ဦးရှိခဲ့ပြီး စစ်ကောင်စီယာဉ်တန်ပျက်စီးမှု (၆၈) စီး၊ တိုက်လေယာဉ်ပျက်စီးမှု (၃) စီးရှိခဲ့ကြောင်း PKPF မှထုတ်ပြန်သည်။ 

ဓာတ်ပုံ - စစ်ကောင်စီတပ်မှ ၂၀၂၄ နိုဝင်ဘာလ ၁၈ရက် တွင် ဖယ်ခုံမြို့နယ်၊ဘန်ကောက် စစ်ဘေးရှောင်စခန်းအားတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများ။ Photo - PKPF

Bagan News 

Comments