Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ကရင်နီ နှင့် ရှမ်းပြည်နယ်တွင် စစ်ကောင်စီတပ်မှ အဆိပ်ငွေ့ဗုံးများ ကြဲချတိုက်ခိုက်

ကရင်နီ(ကယား)ပြည်နယ် နှင့် ရှမ်းပြည်နယ် နယ်စပ်အချို့နေရာများတွင် စစ်ကောင်စီတပ်မှ ဒရုန်းများဖြင့် ဗုံးကြဲ တိုက်ခိုက်မှုများ လုပ်ဆောင်ရာတွင် အဆိပ်ငွေ့ပြားများ ထည့်သွင်းအသုံးပြုလာပြီဖြစ်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က ယနေ့ထုတ်ပြန်သည်။

၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလ (၇)၊ (၈)ရက်နေ့များတွင် မိုးဗြဲမြို့ပြင်၌အခြေစိုက်ထားသော ခမရ (၄၂၂)တပ်မှ မိုးဗြဲမြို့နှင့် ပတ်ဝန်ကျင်များအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာတွင် S-PHOS ( အက်စ်ဖော့စ် )တံဆိပ်ပါ  ၅၆၀ အဆိပ်ငွေ့ပြားများကို ထည့်သွင်း အသုံးပြု၍ တိုက်ခိုက်ခဲ့ကြောင်း KNDF ကဆိုသည်။

အဆိုပါ အဆိပ်ငွေ့ပြားများ ထည့်သွင်းထားသည့် ဗုံးသီးကျရောက်ရာ အနီးဝန်ကျင်တွင် မီးခိုးများ အများအပြားထွက်လာပြီး ရှုရှိက်မိသော ရဲဘော်အချို့မှာ မူးဝေခြင်း ၊ ခေါင်းမူးခြင်း ၊ အော့အန်လိုခြင်း ၊ အိပ်ချင်လာခြင်း၊ ခန္တာကိုယ်မလန်းဆန်းခြင်း၊ အားပြက်ခြင်း စသည့်ဝေဒနာများခံစားခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒရုန်းဖြင့် လာရောက်တိုက်ခိုက် ချိန်တွင် ထိခိုက်မှုများမရှိခဲ့သော်လည်း  ဗုံးသီးကျရောက်ခဲ့သော နေရာများအား စစ်ဆေးခဲ့ရာ အက်စ်ဖော့စ်အဆိပ်ငွေ့ပြားများကို ထည့်သွင်းအသုံးပြု၍ တိုက်ခိုက်ခဲ့သည်ကို အတည်ပြုနိုင်ခဲ့ကြောင်းKNDF ကထုတ်ပြန်သည်။

ပြည်သူများအနေဖြင့် အနီးဝန်ကျင်တွင် ဒရုန်းများ ပျံဝဲနေခြင်း ၊ တိုက်ခိုက်ခံရသည့် နေရာများနှင့်အနီးတွင်ရှိနေခြင်းများ ဖြစ်လာပါက စူးစမ်းကြခြင်းမျိုးမပြုလုပ်ဘဲ လုံခြုံသောနေရာ များသို့ ပုန်းခို၍ ရှောင်ရှားကြရန် KNDF ကအထူးအသိပေးသည်။ 

ဖယ်ခုံ၊ မိုးဗြဲ ၊ လွိုင်ကော် လမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့များနှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား ထိတွေ့မှုများ ကြိုကြားဖြစ်ပွားလျှက်ရှိနေပြီး စစ်ကောင်စီဖက်မှ အဆိပ်ငွေ့များပါ ထည့်သွင်းကာ ဒရုန်းစစ်ဆင်ရေးများလုပ်ဆောင်လာနေကြောင်း KNDF ကထုတ်ပြန်သည်။

Photo - KNDF / စစ်ကောင်စီအသုံးပြုခဲ့သည့်အဆိပ်ငွေ့ပြားများ။

Bagan News 

Comments