Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ပခုက္ကူ ရေလာလေး စစ်ကောင်စီတပ် စခန်းကို PDF သိမ်းပိုက် စစ်ကောင်စီတပ်သား ၆ ဦးသေပြီး PDF ရဲဘော်၂ ဦးကျဆုံး

မကွေးတိုင်း ၊ ပခုက္ကူမြို့နယ် ရေလာလေး စစ်ကောင်စီတပ် စခန်းကို ဒီဇင်ဘာလ (၁၁)ရက်နေ့ နံနက်ပိုင်းက ဝင်ရောက်စီးနင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း အမှတ်(၈)စစ်ကြောင်းကထုတ်ပြန်သည်။ 

တိုက်ပွဲကြာချိန် (၁)နာရီခွဲခန့်ကြာမြင့်ခဲ့ပြီး  စစ်ကောင်စီတပ်သား (၆) ဦးမျက်မြင်သေဆုံးခဲ့ကာ အမှတ်(၈)စစ်ကြောင်းအဖွဲ့ဝင် ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့(SRF)မှ တပ်စိပ်မှူး ရဲဘော်ထောင့်မကျိုး(ခ)ရဲဘော်ဟိန်းမင်းခန့်နှင့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) အနောက်မြောက်စစ်ဒေသ အထူးတပ်ဖွဲ့မှ ငါးမျိုးကောင်းစစ်သည်ဆုရ  ရဲဘော်ကိုထက်တို့(၂)ဦး ကျဆုံးခဲ့ကြောင်းသိရသည်။ 

Photo - အမှတ်(၈)စစ်ကြောင်း 

ဌင်းပြင် စစ်ကောင်စီတပ်မှ လေးကြိမ် တိတိ ဗုံးကြဲပစ်ကူ ပေးခဲ့ပြီး ဒေသခံပြည်သူ(၃)ဦးနှင့် ရဲဘော်(၃)ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်းထုတ်ပြန်သည်။ 

ရေလာလေးရွာ စစ်စခန်းသိမ်းတိုက်ပွဲတွင် ၆၀မမစိန်ပြောင်း(၁)လက် ၊MA2(၁)လက် ၊MA3 (၁)လက် ၊ M2 ကာဘိုင် (၁၂)လက် ၊ရှော့ဂန်း(၃)လက် ၊5.56လက်လုပ်(၁)လက် ၊ ကျည်ဘောက် (၁၀)ဘောက်၊ကျည်မျိုးစုံ နှစ်ထောင်ဝန်းကျင် နှင့် စစ်အသုံးအဆောင်ပစ္စည်းများနှင့်အတူ သုံ့ပန်း(၇)ဦးထက်မနည်း ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း အမှတ်(၈)စစ်ကြောင်း မှထုတ်ပြန်သည်။

အမှတ်(၈)စစ်ကြောင်း ဦးဆောင်မှုဖြင့် ကျောင်းသားလက်ရုံးတပ်တော် (SAF) ၊  ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) အနောက်မြောက်စစ်ဒေသ အထူးတပ်ဖွဲ့ ၊ ပခုက္ကူခရိုင်(Local)တပ်ရင်း ၊ Kamma Revolution Force တို့က ပူးပေါင်းပါဝင်တိုက်ပွဲဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

Bagan News 


Comments