Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ကရင်နီပြည်နယ်တွင် လေကြောင်းတိုက်ခိုက်မှု ၁၇ဝဝ ကျော်ရှိပြီး အရပ်သား ၅ဝဝ ကျော်သတ်ဖြတ်ခံရ

ကရင်နီပြည်နယ်(ကယား)တွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု  (၁၇၆၅)ကြိမ်ပြုလုပ်ခဲ့ပြီး  အရပ်သားပြည်သူ (၅၃၆) ဦး သတ်ဖြတ်ခံရကြောင်း တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု (PKPF) မှ ထုတ်ပြန်သည်။  

စစ်တပ်အာဏာသိမ်းခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့မှ ၂ဝ၂၄ခုနှစ်၊ ဒီဇင်ဘာလ (၃၁)ရက်နေ့အထိ ကရင်နီပြည်နယ်နှင့်ကယန်းဒေသအတွင်း လူ့အခွင့်အရေးအချိုးဖောက်မှုများ စစ်ကောင်စီမှ ကျူးလွန်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။ 


စစ်တပ်အာဏာသိမ်းခဲ့သည့် လေးနှစ်နီးပါးအတွင်း ကရင်နီပြည်နယ်တွင် တိုက်ပွဲအကြိမ်အရေ (၁၂၆၅) ကြိမ်ဖြစ်ပွားခဲ့ပြီး  စစ်ကောင်စီမှသေဆုံးသူ  (၃၆၀၁) ဦးရှိခဲ့ကာ KNDF/PDF/KA ကျဆုံးသူ (၆၇၄) ဦးရှိကြောင်း သိရသည်။

စစ်ကောင်စီယာဉ်တန်းပျက်စီးမှု  (၆၈) စီးရှိခဲ့ပြီး စစ်ကောင်စီ တိုက်လေယာဉ်ပျက်စီးမှု (၃) စီးရှိခဲ့ကြောင်း ဖော်ပြသည်။ 

ထိုကာလအတွင်း စစ်ရှောင်ရင်း သေဆုံးသူ (၁၇၃)ဦးရှိခဲ့ပြီး မတရားဖမ်းဆီးခံရသူ  (၁၅၈) ဦးရှိခဲ့ကြောင်းသိရသည်။ 

ဌင်းပြင် ဘာသာရေးအဆောက်အုံးပျက်စီးခံမှု (၅၄)လုံး၊ပျက်စီးသွားသည့်အိမ်  (၂၈၆၆) လုံး၊ ပျက်စီးသည့်ဆေးရုံ၊ဆေးခန်းများ (၁၆)လုံးနှင့် ပျက်စီးသွား သည့်စာသင်ကျောင်းများ (၂၆ )လုံးရှိခဲ့ကြောင်း PKPF မှ ထုတ်ပြန်သည်။  

ဓာတ်ပုံ - ကရင်နီပြည်နယ်တွင် စစ်ကောင်စီတပ်မှ ၂၀၂၄ ခုနှစ် ဧပြီလအတွင်း လေကြောင်းတိုက်ခိုက်မှုမြင်ကွင်း။ (Photo -  KNDF) 

Bagan News 

Comments