ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။ ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။ အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။ - BAGAN NEWS
မွန်ပြည်နယ်၊ရေးမြို့နယ်၊ကျောင်းရွာတွင်တပ်စွဲထားသော စစ်ကောင်စီတပ်၏ ခမရ (၅၈၃)အတွင်းသို့ လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ ဗိုလ်ကြီး (၁)ဦးသေဆုံးပြီး (၁၀) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ ဗျူဟာ (၃၃) ဒေါနတပ်ရင်းမှထုတ်ပြန်သည်။
![]() |
| ဓာတ်ပုံ - ဒေါနစစ်ကြောင်း |
တောင်ပိုင်းစစ်ဒေသ ဗျူဟာ (၃၃) ဒေါနတပ်ရင်းနှင့် မဟာမိတ်တပ်ရင်းတပ်ဖွဲများပူးပေါင်းကာ ပြီးခဲ့သည့် ဒီဇင်ဘာ (၃၁)ရက်နေ့တွင် ခမရ (၅၈၃)အတွင်းသို့ (၆၀)မမ လက်နက်ကြီးဖြင့် (၃)လုံး ပစ်ခတ်ခဲ့ရာ စခန်း၏ ဗဟိုကင်းအနီးသို (၁)လုံး စခန်းအလယ်သို (၁)လုံး ခြံစည်းရိုးအနီးသို (၁)လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေါနတပ်ရင်းမှသိရသည်။
စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်မှုကြောင့် ရွာနားသို့ကျရောက်ခဲ့ပြီး အရပ်သား (၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Comments
Post a Comment