Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ကရင်ပြည်နယ် ဇွဲကပင်တောင်တန်းတွင် တောပန်းထိမ်ငို ပန်းမျိုးစိတ်သစ်တွေ့

ကရင်ပြည်နယ် ဇွဲကပင်တောင်တန်းတွင် တောပန်းထိမ်ငို ပန်းမျိုးစိတ်သစ်တမျိုးကိုတွေ့ရှိခဲ့ကြောင်း မြန်မာ့ဇီဝမျိုးစိတ်များ(သတ္တဝါများနှင့်အပင်များ)အား အမျိုးအစားခွဲခြားခြင်းပြုလုပ်နေသည့်  Native Species Conservation & Identification အဖွဲ့မှ ထုတ်ပြန်သည်။ 

"ကမ္ဘာမှာ မြန်မာမှာပဲ တွေ့ရသော၊ မြန်မာမှာမှ ဇွဲကပင်တောင်မှာပဲ တွေ့ရသော တောပန်းတိမ်ငိုပန်းလေးမို့ ဇွဲကပင်ပန်းတိမ်ငိုလို့ နာမည်ပေးလိုက်ပါတယ်။ အရင်တစ်ခေါက်က ကရင်ကြွေပန်းလေးကို နာမည်ပေးခဲ့သလိုပါပဲ၊ အခုတခါမှတော့ ကရင်ထပ်မသုံးပဲ ဇွဲကပင်တောင်ကြီးကို အစွဲပြု နာမည်မှည့်ခဲ့ပါတယ်။ ဒါကြောင့်သူ့နာမည်က Globba zwegabinensis ပေါ့"ဟု ဌင်းအဖွဲ့ကပြောသည်။ 

Photo - NSCI 

တောပန်းထိမ်ငိုပန်း အများစုသည် အနိမ့်ပိုင်းများတွင် ပေါက်ရောက်ကြပြီး  ဇွဲကပင်ပန်းထိမ်ငိုပန်း သည် ထုံးကျောက်တောင်ထိပ်ပိုင်း ပင်လယ်ရေမျက်နှာပြင်အမြင့် မီတာ ၇၀၀ (၂၂၉၆ ပေ)ရှိ ထုံးကျောက်သားတွေကြားမှာ တိုးဝင်ပေါက်ရောက်နေကြသည်ကိုတွေ့ရကြောင်း NSCI အဖွဲ့ကထုတ်ပြန်သည်။ 

"ဒီအပင်မျိုးစိတ်ကို ဇွဲကပင်တောင်ထိပ်မှာ ၃ နေရာ ၄နေရာလောက်မှာပဲ တွေ့ရပါတယ်။ ကျန်တဲ့ နေရာတွေ ရှိအုံးမလားဆိုတာတော့ ပြန်လေ့လာရပါဦးမယ်"ဟု NSCI အဖွဲ့ကဆိုသည်။

Photo - NSCI 

ပန်းထိမ်ငိုပန်း မျိုးစိတ်ပေါင်းသည် တစ်ကမ္ဘာလုံးတွင် ၁၄၀ မျိုးရှိပြီး မြန်မာနိုင်ငံ၌ အားလုံးစုစုပေါင်း၏ ၅ ပုံ ၁ ပုံ အရေအတွက်ရှိကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် ယခု ဇွဲကပင်ပန်းထိမ်ငိုပန်းအပါ ၂၈ မျိုး ရှိကြောင်းသိရသည်။

ဇွဲကပင်ပန်းထိမ်ငိုပန်းသည် ဇွဲကပင်တနေရာ၌သာတွေ့ရကြောင်း ပထမဆုံးမှတ်တမ်း တင်နိုင်ခဲ့သည်ဟု NSCI အဖွဲ့ကဆိုသည်။

Bagan News 



Comments