Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ဒိုက်ဦးထောင်တွင် ကျန်းမာရေးစောင့်ရှောက်မှုမရသောကြောင့် နိုင်ငံရေးအကျဉ်းသား ၁ ဦး ကျဆုံး

 ပဲခူးတိုင်း ဒိုက်ဦးအကျဉ်း‌ ထောင်တွင် ပုဒ်မ၅၁(ဂ)/၅၂(ခ)တို့ဖြင့်  ထောင်ဒဏ်(၁၁)နှစ် အကျဉ်းချခံထားရသူ နိုင်ငံရေးအကျဉ်းသား မျိုးမင်းဦးသည် ထောင်ကျနေစဉ်အတွင်း လုံလောက်သည့် အခြေခံကျန်းမာရေး စောင့်ရှောက်မှု မရရှိခဲ့ခြင်းကြောင့် ဇန်နဝါရီလ(၁ဝ)ရက်နေ့တွင် ဆီးကျောက်ရောဂါကြောင့် ကျဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှထုတ်ပြန်သည်။ 

ကိုမျိုးမင်းဦးအား စစ်ကောင်စီတပ်မှ ၂ဝ၂၂ခုနှစ် အောက်တိုဘာလ(၁၇)ရက်နေ့တွင်ဖမ်းဆီးခဲ့ပြီး အင်းစိန်အကျဉ်းထောင်တွင်  ပုဒ်မ၅၁(ဂ)၊၅၂(ခ)တို့ဖြင့်အကျဉ်းချခဲ့သည်။

ကိုမျိုးမင်းဦးအား၂ဝ၂၄ ခုနှစ် မေလ(၃၁)ရက်နေ့တွင် အမိန့်ကျပြီးနောက် အင်းစိန်အကျဉ်းထောင်မှ ဒိုက်ဦးထောင်သို့ ပြောင်းရွေ့ အကျဉ်းချခံခဲ့သည်။

ဒိုက်ဦးထောင်အတွင်း၌ အကျဉ်းကျခံနေစဉ် ဆီးကျောက်‌ရောဂါဝေဒနာ ပြင်းထန်စွာ ခံစားခဲ့သည်။

သို့ရာတွင် ထောင်ပိုင်ထွဋ်ပိုင်မှူးနှင့် ထောင်ဆေးရုံ ဆရာဝန် သိုက်ထွေးတို့သည် ရောဂါခံစားနေရသူ ကိုမျိုးမင်းဦးအား လုံလောက်သည့် ကျန်းမာရေး စောင့်ရှောက်မှုကို မပေးခဲ့ဘဲ  ဆီးကျောက်ရောဂါ ဆိုးရွားပြင်းထန်ချိန် ဒီဇင်ဘာလ(၂၆)ရက်နေ့တွင်မှ ပဲခူးပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်။

ထို့နောက် ဇန်နဝါရီလ(၁၀)ရက်နေ့၌ နိုင်ငံရေးအကျဉ်းသား ကိုမျိုးမင်းဦးကျဆုံးခဲ့ကြောင်း PPNM မှထုတ်ပြန်သည်။ 

၂၀၂၄ ခုနှစ်အတွင်း ထောင်အာဏာပိုင်များက  နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသားများအတွက် ဆေးဝါးပို့ဆောင်ခွင့် ကန့်သတ်လိုက်သည့်အတွက် အကျဉ်းသားများအတွက် လိုအပ်သည့်ဆေးဝါးများပို့ဆောင်ရန် ခက်ခဲလာပြီး ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေများ အလွန်ဆိုးရွားလာနေကြောင်း သိရသည်။

ထောင်တွင်း၌ ဆေးဝါးမလုံလောက်ခြင်း၊ ဆေးဝါးစောင့်ရှောက်မှုလုံလောက်စွာမပေးခြင်း ၊ ထောင်တွင်း ကျန်းမာရေး အရေးပေါ် ဖြစ်သည့် အခါများတွင် ဆရာဝန်များ အချိန်မှီလာရောက်ကြည့်ရှု ကုသမှု မရရှိခြင်း၊ထောင်တွင်း နာတာရှည်ရောဂါခံစားနေရသူ နိုင်ငံရေးအကျဉ်းသားများကို ထောင်ပြင်ပ ‌ဆေးရုံများသို့ သွားရောက်ကုသခွင့် မရခြင်းတို့ကြောင့် လစဉ် နိုင်ငံရေးအကျဉ်းသား/အကျဉ်းသူများ အသက်ပေးနေကြရကြောင်း PPNM မှသိရသည်။

Bagan News 

Comments