Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ကချင်ပြည်နယ် မံစီမြို့ကို KIA အပြီးသတ်သိမ်းပိုက်

ကချင်ပြည်နယ် မံစီမြို့ကိုကချင် လွတ်လပ်ရေးတပ်မတော် (KIA) ကအပြီးသတ်သိမ်းပိုက်ပြီးဖြစ်ကြောင်း ပူးပါင်းတိုက်ခိုက်ခဲ့သည့် ABSDF ( ကျောင်းသားတပ်မတော် )မှထုတ်ပြန်သည်။

ကချင် လွတ်လပ်ရေတပ်မတော် (KIA) တပ်မဟာ (၁၁) ၏ ဦးဆောင်မှုနှင့်အတူ ABSDF ( ကျောင်းသားတပ်မတော် ) အမှတ် (၂) စစ်ကြောင်း တပ်ရင်း (၁၀) နှင့် KPDF ပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Photo -ABSDF 

ကချင်ပြည်နယ် မံစီမြို့အခြေစိုက် စစ်ကောင်စီ၏ တပ်ရင်းများဖြစ်သော  ခမရ ၃၁၉၊ ခမရ  ၆၀၁ နှင့်  အမြောက်တပ် ၃၅၂ တပ်ရင်းအားလုံးကို  ၂၀၂၄ခုနှစ် ဒီဇင်ဘာလ ၄ ရက်မှ ၂၀၂၅ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့ အထိ တစ်လတာ ထိုးစစ်အပြီးတွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း ABSDF ကထုတ်ပြန်သည်။

မံစီမြို့ကို ၂၀၂၄ခုနှစ် မေလတွင်လည်း ပထမအကြိမ်ထိုးစစ်ဆင်ခဲ့ရာ အကြောင်းအမျိုးမျိုးကြောင့် ထိုးစစ်ရပ်နားခဲ့ရာမှ ယခုအကြိမ်တွင် မံစီမြို့တွင်ကျန်ရှိသော စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်း ပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

စခန်းသိမ်းတိုက်ပွဲများအတွင်း ရန်သူ့လက်နက်ခဲယမ်းမြောက်မြားစွာ သိမ်းပိုက်ရရှိခဲ့သည်ဟု ABSDF ကထုတ်ပြန်သည်။

Bagan News 

Comments