Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

ကချင်ပြည်နယ် မံစီမြို့ကို KIA အပြီးသတ်သိမ်းပိုက်

ကချင်ပြည်နယ် မံစီမြို့ကိုကချင် လွတ်လပ်ရေးတပ်မတော် (KIA) ကအပြီးသတ်သိမ်းပိုက်ပြီးဖြစ်ကြောင်း ပူးပါင်းတိုက်ခိုက်ခဲ့သည့် ABSDF ( ကျောင်းသားတပ်မတော် )မှထုတ်ပြန်သည်။

ကချင် လွတ်လပ်ရေတပ်မတော် (KIA) တပ်မဟာ (၁၁) ၏ ဦးဆောင်မှုနှင့်အတူ ABSDF ( ကျောင်းသားတပ်မတော် ) အမှတ် (၂) စစ်ကြောင်း တပ်ရင်း (၁၀) နှင့် KPDF ပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Photo -ABSDF 

ကချင်ပြည်နယ် မံစီမြို့အခြေစိုက် စစ်ကောင်စီ၏ တပ်ရင်းများဖြစ်သော  ခမရ ၃၁၉၊ ခမရ  ၆၀၁ နှင့်  အမြောက်တပ် ၃၅၂ တပ်ရင်းအားလုံးကို  ၂၀၂၄ခုနှစ် ဒီဇင်ဘာလ ၄ ရက်မှ ၂၀၂၅ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့ အထိ တစ်လတာ ထိုးစစ်အပြီးတွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း ABSDF ကထုတ်ပြန်သည်။

မံစီမြို့ကို ၂၀၂၄ခုနှစ် မေလတွင်လည်း ပထမအကြိမ်ထိုးစစ်ဆင်ခဲ့ရာ အကြောင်းအမျိုးမျိုးကြောင့် ထိုးစစ်ရပ်နားခဲ့ရာမှ ယခုအကြိမ်တွင် မံစီမြို့တွင်ကျန်ရှိသော စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်း ပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

စခန်းသိမ်းတိုက်ပွဲများအတွင်း ရန်သူ့လက်နက်ခဲယမ်းမြောက်မြားစွာ သိမ်းပိုက်ရရှိခဲ့သည်ဟု ABSDF ကထုတ်ပြန်သည်။

Bagan News 

Comments