Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ကျောက်မဲမြို့နယ်တွင် မူးယစ်ဆေးဝါးသုံးစွဲသူ ၁၃၁ ဦးအား TNLA ပြန်လွှတ်

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်တွင် မူးယစ်ဆေးဝါးသုံးစွဲများကို အကျင့် စာရိတ္တပြုပြင်ပေးပြီး ပြန်လွှတ်ပေးခဲ့ ကြောင်း ပ‌လောင်ပြည်နယ် လွတ်မြောက် ရေးတပ်ဦး PSLF/TNLA မှ ထုတ်ပြန်သည်။ 

ထိုသူများသည် PSLF/TNLA မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတပ်ဖွဲမှ ဖမ်းဆီးခဲ့သူများဖြစ်ပြီး ဇန်နဝါရီလ ၇ ရက်တွင်  ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

Photo - TNLA

၎င်းတိုအား အကျင့်စာရိတ္တပြုပြင်ရေးစခန်းတွင်  မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့မှ (၆)လကြာ အကျင့် စာရိတ္တပြုပြင်ပေးခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် မိဘထံ ပြန်လည်အပ်နှံပေးခဲ့ကြောင်း TNLA ကထုတ်ပြန်သည်။

မူးယစ်ဆေးဝါးသုံးများသည် ပထမအကြိမ် အကျင့်စာရိတ္တပြုပြင်ရေးစခန်းတွင် ပို့ဆောင်ခံရပါက (၆) လ ပြစ်မှုခံရမည်ဖြစ်ပြီး ဒုတိယအကြိမ် ထပ်မံသုံးစွဲပါက (၃)နှစ်ကြာ အကျင့်စာရိတ္တပြုပြင်ရေးစခန်းသို ပို့ဆောင်ခံရမည်ဖြစ်ကြောင်း သိရသည်။ 

ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ်၊ ဇွန်လ ၁၁ ရက်ကလည်း နမ့်ဆန်မြိုနယ်တွင် PSLF/TNLA မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတပ်ဖွဲမှ မူးယစ်ဆေးဝါးသုံးစွဲသူ (၅ဝ)ဦးကို အကျင့်စာရိတ္တပြုပြင်ပြီး ပြန်လွှတ်ပေးခဲ့သည်။  

Bagan News 

Comments