Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

ကျောက်မဲမြို့နယ်တွင် မူးယစ်ဆေးဝါးသုံးစွဲသူ ၁၃၁ ဦးအား TNLA ပြန်လွှတ်

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်တွင် မူးယစ်ဆေးဝါးသုံးစွဲများကို အကျင့် စာရိတ္တပြုပြင်ပေးပြီး ပြန်လွှတ်ပေးခဲ့ ကြောင်း ပ‌လောင်ပြည်နယ် လွတ်မြောက် ရေးတပ်ဦး PSLF/TNLA မှ ထုတ်ပြန်သည်။ 

ထိုသူများသည် PSLF/TNLA မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတပ်ဖွဲမှ ဖမ်းဆီးခဲ့သူများဖြစ်ပြီး ဇန်နဝါရီလ ၇ ရက်တွင်  ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

Photo - TNLA

၎င်းတိုအား အကျင့်စာရိတ္တပြုပြင်ရေးစခန်းတွင်  မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့မှ (၆)လကြာ အကျင့် စာရိတ္တပြုပြင်ပေးခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် မိဘထံ ပြန်လည်အပ်နှံပေးခဲ့ကြောင်း TNLA ကထုတ်ပြန်သည်။

မူးယစ်ဆေးဝါးသုံးများသည် ပထမအကြိမ် အကျင့်စာရိတ္တပြုပြင်ရေးစခန်းတွင် ပို့ဆောင်ခံရပါက (၆) လ ပြစ်မှုခံရမည်ဖြစ်ပြီး ဒုတိယအကြိမ် ထပ်မံသုံးစွဲပါက (၃)နှစ်ကြာ အကျင့်စာရိတ္တပြုပြင်ရေးစခန်းသို ပို့ဆောင်ခံရမည်ဖြစ်ကြောင်း သိရသည်။ 

ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ်၊ ဇွန်လ ၁၁ ရက်ကလည်း နမ့်ဆန်မြိုနယ်တွင် PSLF/TNLA မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတပ်ဖွဲမှ မူးယစ်ဆေးဝါးသုံးစွဲသူ (၅ဝ)ဦးကို အကျင့်စာရိတ္တပြုပြင်ပြီး ပြန်လွှတ်ပေးခဲ့သည်။  

Bagan News 

Comments